တာမွေမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဖြစ်ပေါ်ခဲ့သည့် ဘေးအန္တရာယ်များအား အချိန်နှင့်တစ်ပြေးညီ ဖယ်ရှားရှင်းလင်း - Myanmar National Post

Myanmar National Post

News Agency

Breaking

တာမွေမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဖြစ်ပေါ်ခဲ့သည့် ဘေးအန္တရာယ်များအား အချိန်နှင့်တစ်ပြေးညီ ဖယ်ရှားရှင်းလင်း

 

MNP - မေ   ၁

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်တွင် ယမန်နေ့ မွန်းလွဲပိုင်းအချိန်က မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းများတိုက်ခတ်ခဲ့မှုကြောင့် မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခြင်း၊ သစ်ပင်သစ်ကိုင်းများပြိုလဲကျိုးကျခြင်းများနှင့် ဆက်သွယ်ရေးကြိုးများ ပြတ်တောက်ခြင်းတို့ ဖြစ်ပေါ်ခဲ့ရာ ပြည်သူများ သွားလာရေး အခက်အခဲများ ဖြစ်ပေါ်ခဲ့သည့်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းပြီး အချိန်နှင့် တစ်ပြေးညီ ဖယ်ရှားရှင်းလင်းပေးခဲ့ကြကြောင်း သိရသည်။

“အခုလို သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ ကျွန်တော်တို့ ပြည်သူတွေ အဆင်ပြေချောမွေ့စွာ သွားလာနိုင်စေ ဖို့အတွက် သဘာဝဘေးကြောင့် ဖြစ်ပေါ်ခဲ့ရတဲ့ သစ်ပင်ပြိုလဲမှုတွေ၊ ရေကြီး‌ရေလျှံမှုတွေ စသည်ဖြင့် သဘာဝဘေး အန္တရာယ်ကြောင့် ဖြစ်ပေါ်ခဲ့ရတာတွေကို နေ့ချင်းအပြီး ဆောင်ရွက်ပေး တဲ့အပေါ် ပြည်သူအားလုံးရဲ့ကိုယ်စား ကျေးဇူးအထူးတင်ရှိပါတယ်။ မိုးတွင်းကာလကလည်း မကြာမီ ကျရောက်တော့မှာဖြစ်တဲ့အတွက် ဒီတာမွေမြို့နယ် အတွင်းမှာရှိတဲ့ လျှပ်စစ်ဓာတ်အားလိုင်းကြိုးတွေ၊ ဆက်သွယ်ရေးလိုင်းကြိုးတွေနဲ့ မလွတ်ကင်းတဲ့ သစ်ပင်သစ်ကိုင်း တွေကို ခုတ်ထွင်ရှင်းလင်းပေးစေချင် ပါတယ် ” ဟု တာမွေမြို့နယ်အတွင်း နေထိုင်သူတစ်ဦးက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်း ပတ်ဝန်းကျင်သန့်ရှင်း သာယာလှပ စေရေး၊ ရေစီးရေလာကောင်းမွန်စေရေး၊ လမ်းပန်းဆက်သွယ်မှု အဆင်ပြေချောမွေ့စေရေး၊ မြို့ပြအင်္ဂါရပ်နှင့်ပြည့်စုံ ညီညွတ်မှုရှိစေရေး၊ မြို့နယ်အတွင်းရှိ ပြည်သူများ၏ အသက်အိုးအိမ် လုံခြုံမှုရှိစေရေး၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးနှင့် လူနေမှုအဆင့်အတန်းများ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် သက်ဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်း၍ စဉ်ဆက်မပြတ် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသလို မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါကလည်း အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးလျက်ရှိပြီး မြို့နယ်အတွင်း သဘာဝ ဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက အရေးပေါ်တယ်လီဖုန်းနံပါတ် ၀၁-၅၅၄၈၉၃၊ ၀၁-၅၅၄၈၄၁၊ ၀၁-၅၅၄၇၇၈ သို့ ချက်ချင်းဆက်သွယ် သတင်းပို့ပြီး အကူအညီတောင်းခံနိုင်ကြောင်းလည်း သတင်းရရှိသည်။

သတင်း - နိုင်လင်းအောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)