ကသာမြို့၊ မြောက်ကျောင်းပရိယတ္တိစာသင်တိုက်တွင် အစိုးရဓမ္မာစရိယစာမေးပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကသာမြို့၊ မြောက်ကျောင်းပရိယတ္တိစာသင်တိုက်တွင် အစိုးရဓမ္မာစရိယစာမေးပွဲ ကျင်းပ


MNP - မေ   ၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့ရှိ မြောက်ကျောင်းပရိယတ္တိစာသင်တိုက်တွင် ယမန်နေ့မွန်းတည့် ၁၂ နာရီက ၂၀၂၂ ခုနှစ်၊ အစိုးရဓမ္မာစရိယစာမေးပွဲကို စတင်ကျင်းပခဲ့သည်။

အဆိုပါစာမေးပွဲကို ကသာခရိုင်စာဖြေဌာနအနေဖြင့် မြောက်ကျောင်းပရိယတ္တိစာသင်တိုက်တွင် ကျင်းပပြုလုပ်ခဲ့ပြီး ဧပြီလ(၃၀)ရက်နေ့တွင် ပါရာဇိကဏ်(ပထမနေ့)ကို စတင်ကျင်းပခဲ့ရာ ရဟန်း(၉၆)ပါး၊ သာမဏေ(၁၀)ပါးနှင့် သီလရှင်(၉)ပါး၊ စုစုပေါင်း(၁၁၅)ပါး ဖြေဆိုတော်မူခဲ့ကြကြောင်း သိရသည်။

အစိုးရဓမ္မာစရိယစာမေးပွဲကို ဧပြီလ(၃၀)ရက်နေ့မှ မေလ(၉)ရက်နေ့အထိ ကျင်းပပြုလုပ်သွား မည်ဖြစ်ပြီး ကသာခရိုင်စာဖြေဌာနတွင် အဆိုပါစာမေးပွဲကို ရဟန်း၊ သာမဏေနှင့် သီလရှင်ပေါင်း (၁၅၃)ပါး ဖြေဆိုရန်စာရင်းရှိခဲ့သော်လည်း ပါရာဇိကဏ်(ပထမနေ့)တွင် ရဟန်း၊ သာမဏေနှင့် သီလရှင်ပေါင်း (၁၁၅)ပါးသာ ဖြေဆိုခဲ့ကြကြောင်း၊ အစိုးရဓမ္မာစရိယစာမေးပွဲ ကျင်းပရာတွင် ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ သာသနာရေးဦးစီးဌာနနှင့် တာဝန်ရှိသူများက ဝေယျာဝစ္စလုပ်ငန်းများကို ကုသိုလ်ပြုဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)