ဟုမ္မလင်းကောလိပ် စတင်ဖွင့်လှစ်မည်ဖြစ်ရာ ကျောင်းဝန်းအတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဟုမ္မလင်းကောလိပ် စတင်ဖွင့်လှစ်မည်ဖြစ်ရာ ကျောင်းဝန်းအတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်




MNP - မေ   ၁၂


စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းကောလိပ် မေလ (၁၂)ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ရာ ယမန်နေ့ နံနက် (၇)နာရီအချိန်မှ စတင်ကာ ဟုမ္မလင်းကောလိပ်၊ စာသင်ဆောင်၊ ကျောင်းဝန်းအတွင်း စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့သည်။


အဆိုပါ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ရာတွင် ဟုမ္မလင်းမြို့ လေတပ်စခန်းဌာနချုပ် ဗိုလ်မှူးချုပ် မြင့်သောင်းနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် အဖွဲ့ဝင်များ၊ ခလရ (၂၂၂)၊ ခမရ (၃၆၉)၊ ခမရ(၃၇ဝ)၊ အမှတ်(၁၉/၁၀၀)တပ်ဆေးရုံမှ တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ဝန်ထမ်းများ၊ စုစုပေါင်း (၃၀၀)ခန့်သည် ကျောင်းဝန်းအတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။


ဟုမ္မလင်းကောလိပ် တက်ရောက်မည့် ကျောင်းသား၊ သူစာရင်းရှိ (၃၆၈)ဦးရှိပြီး၊ ယနေ့အထိ စာရင်းရှိ (၂၇)ဦးရှိကြောင်း၊ မေဂျာ (၈)ခု ဖြင့် ဖွင့်လှစ်သင်ကြားပေးသွားမည် ဖြစ်ကြောင်း ကျောင်းအုပ်ကြီးထံမှ သိရသည်။


သတင်း - လင်းလင်း                  

 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)