MNP - မေ ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ မိသားစုတစ်ပိုင်တစ်နိုင် ဆူကာသီးစိုက်ပျိုးရောင်းချသူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ဆိုက်ခေါင်ကျေးရွာတွင် စိုက်ပျိုးထားရောင်းချသည့် ဆူကာသီးများသည် ဩဂဲနစ်အသီးဖြစ်ကာ ဝယ်ယူစားသုံးသူများ၏ ကျန်းမာရေးအတွက်စိတ်ချရပြီး သန့်ရှင်းလတ်ဆတ်၍ အရသာကောင်းမွန်ခြင်းကြောင့် ဝယ်ယူစားသုံးသူများပြားပြီး ဆူကာသီး တစ်ကီလိုလျှင် ငွေကျပ်(၂၀၀၀) ရောင်းချပြီး၊ ဆူကာသီး အညွှန့်တစ်စည်းလျှင်(၅၀၀)ကျပ်ရောင်းချရသဖြင့် မိသားစုအပိုဝင်ငွေရရှိကာ စားဝတ်နေရေးအဆင်ပြေလျက်ရှိကြောင်း ဆူကာသီးစိုက်ပျိုးသူ ဦးစိုင်းအေးထံမှ သိရသည်။
သတင်း - မြင့်မောင်
မြန်မာနေရှင်နယ်ပို့စ်


No comments:
Post a Comment