ပခုက္ကူတက္ကသိုလ်တွင် အဆင့်မြင့်တက္ကသိုလ်ပညာရပ်များ ပုံမှန်အတိုင်းဖွင့်လှစ်သင်ကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

ပခုက္ကူတက္ကသိုလ်တွင် အဆင့်မြင့်တက္ကသိုလ်ပညာရပ်များ ပုံမှန်အတိုင်းဖွင့်လှစ်သင်ကြား





MNP - မေ   ၂၅


ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးရှိ တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များနှင့် ကောလိပ်များကို ၂၀၂၂ခုနှစ်၊ မေလ၁၂ရက်နေ့မှ စတင်ကာ ပညာသင်နှစ်များ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်သင်ကြားလျက်ရှိရာ ယနေ့တွင် ပခုက္ကူတက္ကသိုလ်၌ ဝိဇ္ဇာနှင့်သိပ္ပံဘာသာရပ် ဌာနအသီးသီးအလိုက် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာယာပျော်ရွှင်စွာ ကျောင်းပြန်လည် တက်ရောက်လျက်ရှိကြသည်။


ထိုသို့ တက္ကသိုလ်ကျောင်းစနစ်တကျ ဖွင့်လှစ်သင်ကြားနိုင်ရေးအတွက် ပခုက္ကူတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်၊ ဒုတိယပါမောက္ခချုပ်များနှင့်ဘာသာရပ်ဌာနဆိုင်ရာ ပါမောက္ခ(ဌာနမှူး)များက လိုအပ်သည့် ပြင်ဆင်မှုများကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ခဲ့ကြပြီး တက္ကသိုလ်ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ ယာဉ်အန္တရာယ်နှင့် ဘေးအန္တရာယ် ကင်းစင်းစေရေးအတွက် ပခုက္ကူခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့၏ ဦးဆောင်မှုဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ ရပ်ရွာအခြေပြု ပြည်သူလူထုလုံခြုံရေးအဖွဲ့များက စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေး ပူးပေါင်းဆောင် ရွက်ပေးလျက်ရှိကြောင်းသိရသည်။


သတင်း - ဘာမီသာ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)