နေပြည်တော်ရှိ စာသင်ကျောင်းများကို စိမ်းလန်းသန့်ရှင်းသောကျောင်းများ ဖြစ်ပေါ်လာစေရေးအတွက် စာသင်ကျောင်းများနှင့် ပြည်သူလူထုအသိပညာပေးခြင်းများကို အလေးထားဆောင်ရွက်သွားရမှာဖြစ်ကြောင်း နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း ပြောကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

နေပြည်တော်ရှိ စာသင်ကျောင်းများကို စိမ်းလန်းသန့်ရှင်းသောကျောင်းများ ဖြစ်ပေါ်လာစေရေးအတွက် စာသင်ကျောင်းများနှင့် ပြည်သူလူထုအသိပညာပေးခြင်းများကို အလေးထားဆောင်ရွက်သွားရမှာဖြစ်ကြောင်း နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း ပြောကြား



MNP ၊ မေ ၁၁

နေပြည်တော်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုကော်မတီ ပထမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်း အဝေး ယနေ့မွန်းလွဲ(၂)နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ နေပြည်တော်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက  ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ လုပ်ငန်းများကို ကဏ္ဍအလိုက် သက်ဆိုင်သည့်ဌာနများမှပူးပေါင်း၍ စနစ်တကျအကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရေးနှင့် အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ၏ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် အကောင် အထည်ဖော်ဆောင်ရွက်နိုင်မှု၊ လက်ရှိဖွဲ့စည်းထားသည့်ကော်မတီ၏ လုပ်ငန်းတာဝန်များ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေးနှင့် ရှေ့လုပ်ငန်းစဉ်များချမှတ်နိုင်ရေးအတွက် ဆွေးနွေးပေးကြရန်ဖြစ်ကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍအနေဖြင့်  ပြည်သူလူထု ပူးပေါင်းလာစေရန် အသိပညာပေးခြင်း၊ သန့်ရှင်းသပ်ရပ်သော စံပြကျေးရွာများတည်ထောင်မှုမှာ ပူးပေါင်းဆောင်ရွက်ပေးခြင်း၊ စိမ်းလန်းသန့်ရှင်းသောကျောင်းများ (Clean and Green School)များ ဖြစ်ပေါ်လာစေရေးအတွက် စာသင်ကျောင်းများနှင့် ပြည်သူလူထုအသိပညာပေးခြင်းများကို အလေးထားဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊  ကော်မတီ၏ လုပ်ငန်းတာဝန်များကို ကျယ်ကျယ်ပြန့်ပြန့် ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရေးအတွက် ယနေ့ တက်ရောက်လာသော အဖွဲ့ဝင်ဌာနများအနေဖြင့် လက်တွဲပူးပေါင်း၍ အချိတ်အဆက်မိမိ ဆောင်ရွက်သွားကြဖို့ တိုက်တွန်းပြောကြားသည်။

ထို့နောက် နေပြည်တော်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီအတွင်းရေးမှူး၊ ညွှန်ကြား ရေးမှူး ဒေါ်ခင်ခင်ဆွေက ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ လုပ်ငန်းဆောင်ရွက်ချက်များ၊ ပြည်ထောင်စု ဒေသန္တရ(၅)နှစ် အမျိုးသားစီမံကိန်းမူဘောင်(၂၀၂၂-၂၀၂၃ မှ ၂၀၂၆-၂၀၂၇)တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့်ရာသီဥတုပြောင်းလဲမှုဆိုင်ရာလုပ်ငန်းများကို သက်ဆိုင်ရာ ကဏ္ဍအလိုက် စီမံကိန်းများတွင် ထည့်သွင်းရေးဆွဲနိုင်ရေးကိစ္စများ၊  နေပြည်တော် ပလတ်စတစ်စွန့်ပစ် ပစ္စည်းစီမံခန့်ခွဲမှုလုပ်ငန်းအစီအစဉ် (Nay Pyi TawPlastic Waste Management Action Plan) (မူကြမ်း)နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် တက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍများအလိုက် ဆောင်ရွက်နေမှုအခြေအနေများကို အသီးသီးဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်က ‌ဆွေးနွေးချက်များနှင့်ပတ်သက်၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။


သတင်း - အောင်ကိုကို

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)