ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း ကျောက်ဖြူမြို့ရှိ အစိုးရစက်မှုလက်မှုသိပ္ပံ (ကျောက်ဖြူ)ကျောင်းမှ ဆရာ၊ဆရာမများနှင့် တွေ့ဆုံ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း ကျောက်ဖြူမြို့ရှိ အစိုးရစက်မှုလက်မှုသိပ္ပံ (ကျောက်ဖြူ)ကျောင်းမှ ဆရာ၊ဆရာမများနှင့် တွေ့ဆုံ






MNP ၊ မေ ၁၁

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်လှ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးကျော်သူဇော်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာန ဆိုင်ရာများသည် ယမန်နေ့ မွန်းလွဲပိုင်းက စေတီယျရပ်ကွက်ရှိ အစိုးရစက်မှုလက်မှုသိပ္ပံ (ကျောက်ဖြူ) ကျောင်းသို့ သွားရောက်၍ ဆရာ၊ဆရာမများနှင့် တွေ့ဆုံပွဲပြုလုပ်ခဲ့သည်။ 


တွေ့ဆုံပွဲတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊  နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီး ဌာန၊ အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဖြူ)ကျောင်းမှ ကျောင်းအုပ်ကြီး ဒေါက်တာ အောင်မွန်က အစိုးရ စက်မှုလက်မှုသိပ္ပံကျောင်းတည်ဆောက်ခဲ့သည့် ခုနှစ်နှင့် သမိုင်းကြောင်းများ၊ သင်ကြားပို့ချပေးနေသည့် ဘာသာရပ်များ၊ ပုံမှန်ကျောင်းသားအင်အားစာရင်းများ၊ ကာလတိုသင်တန်းများဖွင့်လှစ်နေမှုအခြေအနေများ၊ ဌာနအလိုက်ဝန်ထမ်းအင်အားအခြေအနေများနှင့် အဆောက်အဦအခြေအနေများကို ပရိုဂျက်တာဖြင့် ရှင်းလင်းတင်ပြပြီး ကျောင်းခြံစည်းရိုးတိုးချဲ့နိုင်ရန် လျာထားသည့်မြေဧကများအား ရှင်းလင်းတင်ပြခဲ့သည်။ 


ယင်းနောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်မှ ပြောကြားရာတွင် ကျောက်ဖြူမြို့တွင် SEZ လုပ်ငန်း အကောင်အထည်ဖော်လာပါက ဘွဲ့ရပြီးသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ကာလတိုသင်တန်း တက်ရောက်ထားသူများအနေဖြင့် အလုပ်အကိုင်အခွင့်အရေးရရှိရန်လိုအပ်ကြောင်း၊ တတ်မြောက်ထား သည့်ပညာရပ်များကို မြေပြင်တွင်မှန်မှန်ကန်ကန် လက်တွေ့အသုံးချရန်လိုအပ်ကြောင်း၊ ဆရာ၊ ဆရာမ များအနေဖြင့်လည်း သင်ကြားမှုအပိုင်းတွင် စေတနာထား၍ အကောင်းဆုံးဖြစ်အောင် သင်ကြားပေးစေ လိုကြောင်း၊  တပည့်များအား တတ်ချင်၊ တော်ချင်ပြီး ပညာသင်ယူချင်စိတ်ဖြစ်အောင် မြေတောင် မြှောက်ပေးကြရန်လိုအပ်ကြောင်းနှင့် ကျောင်းခြံစည်းရိုးမှာ ကျောင်းအနောက်ဘက်တွင် ကျောက် တောင်တန်းကြီးများဖြစ်နေသဖြင့် ဖောက်လုပ်ရန်မလွယ်ကူကြောင်း၊ ကျောင်းခြံစည်းရိုးကျဉ်းရခြင်းမှာ ကျောင်းစ တင်တည်ဆောက်စဉ်က AGTI ကျောင်းအဆင့်ကိုရည်ရွယ်တည်ဆောက်ခြင်းဖြစ်ပြီး GTC အဆင့်တိုးမြှင့်ခဲ့မှုကြောင့် အဆောက်အဦဖွဲ့စည်းပုံအရကျဉ်းသွားခြင်းဖြစ်ကြောင်း၊ နောင်တွင် စက်မှု တက္ကသိုလ်ဖြစ်အောင် တစ်ဆင့်ချင်းကြိုးစားသွားမည်ဖြစ်ကြောင်းနှင့် ဆရာ၊ ဆရာများအနေဖြင့် မိမိတို့ ၏ တာဝန်ဝတ္တရားများအား ကျေပွန်စွာထမ်းဆောင်ပေးလိုပါကြောင်း ပြောကြားပြီး ပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဖြူ)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ ၏ ကွန်ပျူတာခန်းမဆောင်၊ စာကြည့်တိုက်ဆောင်၊ စာသင်ဆောင်များနှင့် အလုပ်ရုံများသို့ သွားရောက် ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။


ဆက်လက်ပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်စီးပွားရေးရာဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိ သူများသည် ကျောက်ဖြူရေနက်ဆိပ်ကမ်းတည်ဆောက်ရေး ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရိပ်သာ ဧည့်ခန်းမတွင်တွေ့ဆုံခဲ့ပြီး ဆိပ်ကမ်းတည်ဆောက်ရေး တာဝန်ခံများမှ စီမံကိန်းလုပ်ငန်းဆောင်ရွက်နေမှုအပေါ်ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးတို့မှ လိုအပ်သည်များကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရသည်။ 


သတင်း - တင်ထွန်းဦး၊ ဖြိုးဝေလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)