ထန်းတပင်မြို့နယ်တွင် ဝန်ထမ်းများ၏ သား၊ သမီးများအား စာရေးကိရိယာနှင့် ပညာသင်စရိတ်များ ထောက်ပံ့ပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ထန်းတပင်မြို့နယ်တွင် ဝန်ထမ်းများ၏ သား၊ သမီးများအား စာရေးကိရိယာနှင့် ပညာသင်စရိတ်များ ထောက်ပံ့ပေးအပ်

 


MNP - မေ   ၃၁


ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသား၊ သမီးများအား စာရေးကိရိယာနှင့် ပညာသင်စရိတ်များ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါ ဦးစီးဌာနရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ် ခဲ့ကြသည်။


ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇေယျာလင်းက စာရေးကိရိယာနှင့် ပညာသင်စရိတ်များ ထောက်ပံ့ပေးအပ်ရခြင်းနှင့် ပတ်သက်၍ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မိသားစု စည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီအဖွဲ့ဝင်များက ထန်းတပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းသား၊ သမီး (၄၇) ဦးတို့ကို စာရေးကိရိယာနှင့် ပညာသင်စရိတ်များကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။


၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် စာရေးကိရိယာနှင့် ပညာသင်စရိတ်များ ထောက်ပံ့ပေးအပ်ခဲ့ကြခြင်းဖြစ်ပြီး ဝန်ထမ်းသား၊ သမီး(၄၇)ဦး တို့ကို စုစုပေါင်း ထောက်ပံ့ငွေကျပ် (၄၈ဝဝဝဝ)နှင့် ငွေကျပ် (၅ဝဝဝဝဝ)တန်းဖိုးရှိ စာရေးကိရိယာများ၊ ထီးနှင့် မိုးကာတို့ကို ထောက်ပံ့ပေးအပ် ခဲ့ကြခြင်း လည်းဖြစ်ကြောင်း သိရသည်။


သတင်း - ဇင်မင်းထိုက်


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)