မြောင်းမြမြို့တွင် ၂၀၂၂ ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြောင်းမြမြို့တွင် ၂၀၂၂ ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲကျင်းပ




MNP - မေ   ၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၊ အမှတ်(၅)ရပ်ကွက်၊ ရှေးဟောင်းသမိုင်းဝင် စကြာသီဟ၊ စကြာနန္ဒ စေတီတော်ဝန်းအတွင်းရှိ  ထွန်းညွန့်ရတနာ ဓမ္မာရုံကြီးတွင် ၂၀၂၂ ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲအား ဧပြီလ (၃၀) ရက်နေ့ နေ့လည် (၁၂) နာရီအချိန်က စတင်ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စာမေးပွဲပထမနေ့တွင် ဖြေဆိုရသည့် ဘာသာရပ်မှာ ပါရာဇိကကဏ္ဍ ပါဠိအဠကထာ (၁) ဖြစ်ပြီး ယင်းဘာသာရပ်အတွက် စာဖြေသံဃာ (၃၁)ပါး၊ သာမဏေ (၁) ပါး၊ သီလရှင် (၂)ပါး၊ စုစုပေါင်း (၃၄) ပါး ဝင်ရောက်ဖြေဆိုကြောင်း သိရသည်။ မေလ (၁) ရက်နေ့တွင် စာမေးပွဲတစ်ရက်နားပြီး မေလ (၂) ရက်နေ့တွင် ပါရာဇိကကဏ္ဍ ပါဠိအဠကထာ (၂) ဘာသာရပ်ကို ဆက်လက်ဖြေဆိုရမည်ဖြစ်ကြောင်းသိရသည်။ အဆိုပါ စာမေးပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကလာရောက်ပြီး စာဖြေသံဃာတော်များအတွက် လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသွားကြောင်း သိရသည်။

မြောင်းမြမြို့တွင် အစိုးရဓမ္မာစရိယစာမေးပွဲကို ဖြေဆိုရန် စာရင်းသွင်း (၇၅) ပါးနှင့် ပါဠိပထမပြန်စာမေးပွဲကို ဖြေဆိုရန်စာရင်းသွင်း  (၂၇၆) ပါးရှိကြောင်းသိရသည်။

အဆိုပါစာမေးပွဲများကို ဧပြီလ (၃၀) ရက်နေ့မှ မေလ (၁၃) ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး သံဃာတော်များ စာဖြေကာလအတွင်း အချိုရည်၊ အချိုပွဲများ လှူဒါန်းလိုပါက  ကုသိုလ်ပါဝင်လှူဒါန်းနိုင်ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)