ကော့သောင်းမြို့နယ် သမာဓိအစိုးရဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးသမဝါယမအသင်းမှ အသင်းသား ဝန်ထမ်းများအား အစုပေါ်အမြတ်နှင့် စားသုံးဆန်များ ပံ့ပိုးထောက်ပံ့ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကော့သောင်းမြို့နယ် သမာဓိအစိုးရဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးသမဝါယမအသင်းမှ အသင်းသား ဝန်ထမ်းများအား အစုပေါ်အမြတ်နှင့် စားသုံးဆန်များ ပံ့ပိုးထောက်ပံ့




MNP - မေ   ၁

ကော့သောင်းမြို့နယ်၊ သမာဓိအစိုးရဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးသမဝါယမအသင်းမှ အသင်းသား ဝန်ထမ်းများအား အစုပေါ်အမြတ်နှင့်စားသုံးဆန်များကို ယမန်နေ့နံနက်ပိုင်းက စတင်ထုတ်ပေး ပံ့ပိုးထောက်ပံ့လျက်ရှိကြောင်း သိရသည်။

အဆိုပါ ကော့သောင်းမြို့နယ် သမာဓိအစိုးရဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးသမဝါယမအသင်းအား အသင်းသားဝန်ထမ်းများ ငွေကြေးအခက်အခဲကိစ္စများ အဆင်ပြေကြစေရန် ကော့သောင်းမြို့နယ် သမဝါယမဦးစီးဌာန၏ ကြီးကြပ်မှုဖြင့်ဖွဲ့စည်း ဆောင်ရွက်လုပ်ကိုင်လျက်ရှိရာ အသင်း၏ (၂၀၂၀/၂၀၂၁ ဘဏ္ဍာနှစ်အတွက်) အသင်းသားတစ်ဦးစီ၏စုငွေမှရရှိမည့် အမြတ်ငွေအပေါ် မြို့နယ်သမဝါယဦးစီးဌာနမှ ထပ်ဆောင်းပံ့ပိုး ဖြည့်ဆည်းကာ စားသုံးဆန်အဖြစ် အသင်းသားဝန်ထမ်းနှစ်ဦးလျှင် (၁၂) ပြည်ဝင် ဆန်တစ်အိတ်စီကို အသင်းသားဝန်ထမ်း(၂၁၁)ဦးအား ပံ့ပိုးထုတ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ကျော်စိုး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)