Pages

Pages

ဘူးသီးတောင်မြို့နယ်၊ ရွာမကျေးရွာ၊ ပန်းဟေဝန်စာကြည့်တိုက်သို့ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်အသိပညာပေး ကွင်းဆင်းဆောင်ရွက်


MNP ၊ မေ ၁၁

ရခိုင်ပြည်နယ်၊မောင်တောခရိုင်၊ဘူးသီးတောင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိဒေါ်အေးအေးအောင်နှင့်ဝန်းထမ်းများသည် ရွာမကျေးရွာ၊ ပန်းဟေဝန်စာကြည့်တိုက်၌ ယနေ့နံနက် (၁၀)နာရီအချိန်ကစာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးနယ်လှည့်ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ကွင်းဆင်းဆောင်ရွက်ရာတွင် ဦးစီးအရာရှိဒေါ်အေးအေးအောင်က ယနေ့ခေတ်လူငယ်များအနေဖြင့် စာပေကိုတန်ဖိုးထား ချစ်မြတ်နိုးပြီး စာအုပ်စာပေဖတ်ရှု ကြရန်၊ စာပေမြင့်မှ လူမျိုးတင့်မည်ဆိုသကဲ့သို့  စာအုပ်စာပေကောင်းများကို လေ့လာရှာဖွေပြီး စာပေဖတ်ရှုမှု ပိုမိုတိုးတက် မြင့်မားလာစေရန်နှင့် လိုအပ်ပါကြောင်းနှင့် မိမိတို့ ကျေးရွာတွင်စာကြည့်တိုက်ရှိခြင်းမှာ မဂ်လာရှိပါကြောင်းနှင့် စာကြည့်တိုက်ရေရှည်တည်တံ့ခိုင်မြဲစေရန် စာဖတ်စာငှားသူများဖြင့် ပျော်ရွှင်စရာနေရာဖြစ်အောင် ဖန်တီးပေးကြပါရန်၊ ကျေးရွာရှိလူငယ်လူရွယ်များအပြင် လူကြီးများပါ စာကြည့်တိုက်ဖွံဖြိုးတိုးတက်ရေး ဝိုင်းစာဖတ် စာငှားသူများဖြင့် ပျော်ရွှင်စရာနေရာဖြစ်အောင် ဖန်တီးပေးကြရန်၊ ဗဟုသုတတိုးပွားရေးအတွက်မိမိတို့ ကျေးရွာစာကြည့်တိုက်အပြင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာကြည့်တိုက်များမှ သုတ/ရသစာအုပ်များ လာရောက်ငှားရမ်းဖတ်ရှု့နိုင်ပါကြောင်း အသိပညာပေးဟောပြော ခဲ့သည်။

 အဆိုပါနယ်လှည့် အသိပညာပေးဟောပြောပွဲသို့ ရွာမကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာကြည့်တိုက်ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။


သတင်း - လှကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment