MNP ၊ မေ ၁၁
ယမန်နေ့ နံနက် ၁၀ နာရီခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ် ကံသာ ကျေးရွာအနီး၌ လုံခြုံရေးအဖွဲများမှ နယ်မြေရှင်းလင်းစဉ် PDF အကြမ်းဖက်များ၏ စခန်း ၁ ခုအားတွေ့ရှိခဲ့ပြီး အကြမ်းဖက်စခန်းမှ လက်လုပ်သေနတ် ၃၂ လက်၊ လက်လုပ်စိန်ပြောင်း ၂ လက်၊ လေသေနတ် ၁ လက်၊ လက်လုပ်မိုင်း ၈ လုံး၊ ကျည်ကာ အင်္ကျီ(အနက်) ၂ ထည်၊ ပြောက်ကျားယူနီဖောင်း၂ စုံ၊ ပြောက်ကျားဦးထုပ် ၁၀ လုံး၊ ဝါယာကြိုး ၂ ခွေ၊ လက်လုပ်ကျည် ၅၀ တောင့်၊ ဘက်ထရီ ၄ လုံး နှင့် ဆိုင်ကယ်၄ စီး တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
မနေ့ကည ၁၂ နာရီခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြိုနယ်၊ ပန်းတိုင်းခြုံ ကျေးရွာအုပ်စု၊ မြောက်လူးကန်ကျေးရွာရှိ “ပစ္ဆိမာရုံ”ဘုန်းတော်ကြီးကျောင်း၌ ဗုဒ္ဓတရားတော် များနှင့်အညီ သတင်းသုံးနေသည့် ကျောင်းထိုင်ဆရာတော် ဥူးကောဝိဒ ဝါတော် ၅၈ ဝါ၊ သက်တော် ၇၈ နှစ် အား NLD အစွန်းရောက် PDF အကြမ်းဖက်များမှ ဒလန်ဟုစွပ်စွဲ၍ သေနတ်ဖြင့် ပစ်သတ်ဖြတ်သွားပြီး ကျောင်းတိုက်ပိုင် ကား ၁ စီး၊ ငွေကျပ် ၁၀ သိန်းခန့်နှင့် Laptop ၄ လုံးအား လုယက်ယူဆောင်သွားကြောင်း သိရသည်။
အလားတူ ယမန်နေ့ နံနက် ၉ နာရီခွဲခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြိုနယ်၊ ရွာရှည် ကျေးရွာအနီး၌ လုံခြုံရေးအဖွဲများမှ နယ်မြေရှင်းလင်းနေစဉ် NLD အစွန်းရောက် PDF အကြမ်းဖက်သမားများနှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ လုံခြုံရေးအဖွဲ့များထိခိုက်မှုမရှိဘဲ အကြမ်းဖက်သမား ကျား ၃ လောင်း ၊ လက်လုပ်သေနတ် ၂ လက်၊ လက်လုပ်စိန် ပြောင်း ၁ လက်၊ လက်လုပ်စိန်ပြောင်း(ပြုလုပ်ဆဲ) ၁ လက်၊ ၁၂ ဗို ကျည် ၃ တောင့်၊ လက်လုပ်မိုင်း ၄ လုံး၊ ယမ်းကြိုး ၁ ခွေ၊ ဝါယာကြိုး ၁ ခွေ၊ လျှပ်စစ်စနက်တံ ၁ ခု၊ ၁၂ ဗို ဘက်ထရီ ၃ လုံးနှင့် Keypad ဖုန်း ၁ လုံးတိုအား သိမ်းဆည်း ရမိခဲ့ကြောင်းသိရသည်။
ယမန်နေ့ ညနေ ၃ နာရီခွဲခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြိုနယ်၊ လှတွေကျေးရွာအုပ်စု၊ သရက်ချိုကျေးရွာရှေ့ စိုက်ပျိုးရေးခြံနေ ဦးသန်းဦး တောင်သူ၏ နေအိမ်သို့ NLD အစွန်းရောက် PDF အကြမ်းဖက်များရောက်ရှိလာပြီး ဦးသိန်းဦးအား ဒလန်ဟုစွပ်စွဲကာ နေအိမ်နှင့် နွားတင်းကုတ်အား မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။
ယမန်နေ့ နေ့လယ် ၁ နာရီခွဲခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ရွှေဘို-မြစ်ကြီးနားကားလမ်း၌ တန့်ဆည်မြို့နယ်၊ စံပယ်ဖြူကျေးရွာနေ PDF အကြမ်းဖက်များအား ငွေကြေး ထောက်ပံ့ပေးလျက်ရှိသော နိုင်မင်းအောင်နှင့် ဇနီးဖြစ်သူ နှင်းခိုင်ထူးတို့ (၂)ဦးအား SKAT (ဖြူ) ကား ၁ စီး၊ မြန်မာငွေစက္ကူ ရောရာ ၅၁သိန်းကျပ်ခန့်၊ ဖုန်း ၂ လုံးတို့နှင့်အတူ ဖမ်းဆီး ရမိခဲ့ကြောင်း သိရပါသည်။
၂၀၂၂ ခုနှစ်၊ မေလ ၃ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၊ သာဂရကျေးရွာနှင့် မြင်းဒေါင်းကျေးရွာကြား ခင်ဦး - ရေဦး ကားလမ်းပေါ်ရှိ မိုင်တိုင် အမှတ်(၁၀/ ၁၁) အနီး အရှည် ၁၆၀ ပေ၊ အကျယ် ၁၅ ပေခန့်ရှိ တံတားအမှတ်(၂/၁၁) မမဲတူသစ်သားတံတား အား NLD အစွန်းရောက် PDF အကြမ်းဖက်သမားများက မီးရှိဖျက်ဆီးခဲ့သဖြင့် ခင်ဦးမြို့နယ်၊ လမ်းတံတားဦးစီးဌာနမှ ပြုပြင်ခဲ့ရာ ယမန်နေ့ ညနေ ၄ နာရီခန့်မှစ၍ ပြုပြင်ပြီးစီးကြောင်းနှင့် ခရီးသွားအများပြည်သူ များ ပုံမှန်ဖြတ်သန်း သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။
ယနေ့ ညနေ ၄ နာရီခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ရင်မကျင်းကျေးရွာအနီး၌ ဆက်စပ်သတင်းဖော်ထုတ်ချက်အရ လုံခြုံရေးအဖွဲများမှ နယ်မြေရှင်းလင်းစဉ် NLD အစွန်းရောက် PDF အကြမ်းဖက်များနှင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး လုံခြုံရေးအဖွဲ့များထိခိုက်မှုမရှိဘဲ PDF အကြမ်းဖက်သမား ကျား ၁ လောင်း၊ လက်လုပ်သေနတ်အရှည် ၂ လက်၊ လက်လုပ်သေနတ်အတို ၁ လက်၊ လက်လုပ်မိုင်း ၇ လုံး၊ ဒီတိုနေတာ ၁၂၀၀ ခု၊ ယမ်းကြိုး ၁ ခွေ၊ ဝါယာကြိုး ၁ ခွေ၊ ရီမု ၁၀၀ ခု၊ ဓာတ်ခဲ ၁၀၀ လုံးနှင့် ဖောက်ခွဲရေးသုံးဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost





No comments:
Post a Comment