Pages

Pages

မြေဆီလွှာဖွံ့ဖြိုးတိုးတက်ကောင်းမွန်စေသည့် သဘာဝမြေဩဇာ၊ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) ကြဲပက်စိုက်ပျိုးသရုပ်ပြ





MNP ၊ မေ   ၁၁

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပေါက်ခေါင်းမြို့နယ်အတွင်းရှိ လယ်ယာမြေများတွင် နှစ်စဉ်စိုက်ပျိုးလျက်ရှိသော စပါး၊ပဲမျိုးစုံနှင့်ဆီထွက်သီးနှံများစိုက်ပျိုးရာတွင် မြေဆီလွှာများရှိအဟာရဓာတ်များ လျော့နည်းသွားလျက်ရှိရာ လည်းကောင်းလိုအပ်အဟာရဓာတ်များကိုဖြည့်ပေးရန် သဘာဝမြေဩဇာ ဖြစ်သော သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) ကြဲပက်စိုက်ပျိုးသရုပ်ပြခြင်းနှင့် တောင်သူများအတွက် မျိုးစေ့များပေးအပ်ပွဲကို ယနေ့နံနက် ၈ နာရီ ခန့်က လေးကြီးကျေးရွာရှိတောင်သူဦးတင်လှ ၏ လယ်ယာမြေစိုက်ခင်းတွင်ပြု လုပ်ခဲ့သည်။

ရှေးဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးဖြိုးသူမောင်၊မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးဦးမင်းမင်းထွန်း နှင့်ဌာနဆိုင်ရာတာဝန်ရှိသူများက သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)မျိုးစေ့များကို တက်ရောက်လာသော လေးကြီးကျေးရွာအုပ်စုရှိတောင်သူများထံသို့ထောက်ပံ့ပေးအပ်ခဲ့ပြီး၊မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးက သစ်စိမ်းမြေဩဇာ၏  အကျိုးရှိပုံနှင့် အသုံးပြုသည့်နည်းလမ်းများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍တောင်သူ  ဦးတင်လှ ၏ လယ်စိုက်ကွက်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် ဌာနဆိုင်ရာများ၊တောင်သူများက သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) မျိုးစေ့ကိုစုပေါင်းကြဲပက် စိုက်ပျိုခဲ့ကြောင်းသိရသည်။


သတင်း - သန်းထွန်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment