MNP ၊ မေ ၁၂
ပဲခူးတိုင်းဒေသကြီး၊ပေါက်ခေါင်းမြို့နယ်၌ မေလ ၉ ရက်နေ့က မိုးရွာသွန်းပြီး မြေအစိုဓာတ်ရရှိသော ကြောင့် ချောင်းကျိုးကျေးရွာ၊တောင်သူဦးမောင်ကြီး ၏လယ်ယာမြေ(၅)ဧကတွင်ဆီထွက်သီးနှံ မိုးနေကြာကို စတင်ထွန်ယက်စိုက်ပျိုးခဲ့ကြောင်းသိရသည်။
ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃-ခုနှစ်တွင် ဆီထွက်သီးနှံနေကြာကို လယ်၊ယာ၊ကိုင်းကျွန်းများတွင်(၁၀၅ )ဧကခန့်စိုက်ပျိုးထားရှိရန်လျာထား လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။ဆီထွက်သီးနှံနေကြာစိုက်ပျိုးသည့်တောင် သူများအတွက် အထွက်နှုန်းကောင်းစေရန်နှင့်စိုက်ပျိုးနည်းစနစ်မှန်ကန်စေရန် စိုက်ပျိုးရေးဦးစီး ဌာနဝန်ထမ်းများက စိုက်ခင်းများအရောက်ကွင်းဆင်း၍ လိုအပ်သည်များကိုနည်းပညာပေးပြောကြားခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ယခုနှစ်တွင် ဒေသတွင်းစားသုံးဆီဖူလုံရေးအတွက် နေကြာအပါအဝင် နှမ်း၊ မြေပဲ စသည့်ဆီထွက်သီးနှံ များကိုတိုးချဲ့စိုက်ပျိုးနိုင်ရန်အတွက် တိုင်းဒေသကြီးဝန်ကြီးချုပ်၏လမ်းညွှန်မှုဖြင့် မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဌမှဦးဆောင်၍ စိုက်ပျိုးရေးဦးစီးဌာနနှင့်အခြားဌာနဆိုင်ရာများစုပေါင်း၍ ကျေး ရွာတောင်သူများထံအရောက် နည်းပညာပေးသင်တန်းဆွေးနွေးပွဲများကို ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိကြောင်းသိရသည်။
သတင်း - သန်းထွန်းအောင်
https://t.me/MyanmarNationalPost

No comments:
Post a Comment