Pages

Pages

ဘီးလင်းမြို့နယ်၌ပါဠိပထမပြန်စာမေးပွဲ ဆဌမနေ့အား စာဖြေသံဃာတော်နှင့် သီလရှင်များ အေးချမ်းစွာဖြေဆို


MNP ၊ မေ    ၁၂

မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်တွင် သာသနာရေးဦးစီးဌာနမှကြီးမှူးကျင်းပသည့် ၂၀၂၂ ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲ ဆဌမနေ့ကို ဘီးလင်းမြို့နယ်ရှိ စာဖြေဌာနဖြစ်သည့် ငြိမ်းချမ်းရိပ်မြုံ ဓမ္မာစရိယသင်တန်းကျောင်းတိုက်၌ သံဃာတော်နှင့် သီလရှင်များ အေးချမ်းစွာဖြင့် လာရောက်ဖြေဆိုကြလျှက်ရှိကြောင်း သိရသည်။

ယနေ့ နေ့လယ်ပိုင်းကျင်းပသည့်  ပါဠိ ပထမပြန်စာမေးပွဲတွင် ပထမကြီးတန်း ၌ ပဌာန်းဘာသာရပ်အား သံဃာတော်နှင့် သီလရှင် ၂၆ပါး ၊ပထမလတ်တန်း၌ ဘာသာပြန်ဘာသာရပ်အား သံဃာတော်နှင့်သီလရှင် ၂၉ ပါးတို့ လာရောက်ဖြေဆိုခဲ့ကြသည်။

 အဆိုပါစာမေးပွဲသို့ ဝင်ရောက်ဖြေဆို တော်မူကြသည့် ရဟန်းသံဃာတော်များနှင့် သီလရှင်များအေးချမ်းစွာဖြေဆိုနိုင်ရေး အတွက် မြိုနယ်သံဃာ့နာယကအဖွဲ့မှကြီးကြပ်ရေးဆရာတော်များနှင့် ကြီးကြပ်ရေးအဖွဲ့ဝင် လူပုဂ္ဂိုလ်များ၊ တာဝန်ရှိသူများ၊ အလှူရှင်များတို့က အချိုရည်များ၊ လှူဖွယ်ဝတ္တုများဆပ်ကပ်လှူဒါန်းခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးခြင်း စသည့် ကူညီထောက်ပံ့မှုများကို ဆောင်ရွက်‌ပေးလျှက်ရှိကြောင်း သိရှိရသည်။


သတင်း - ထူးနောင် (ဘီးလင်း )

https://t.me/MyanmarNationalPost

No comments:

Post a Comment