MNP ၊ မေ ၁၂
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင်အင်္ဂလိပ်စာဘာသာရပ်ကို စိတ်ဝင်စားစေပြီး ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်သော ကျောင်းသား/ကျောင်းသူများ ဖြစ်လာစေရန် ၊ မိမိကိုယ်ကို ယုံကြည်မှုရှိပြီး စဉ်းစားတွေးခေါ်မှုများ ရင့်သန်လာစေရန်နှင့် စာကြည့်တိုက်အား အသုံးပြုတတ်လာစေရန် ရည်ရွယ်၍ အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့ နေ့လည် ၁၁နာရီ အချိန်က ကျင်းပခဲ့သည်။
ရှေးဦးစွာ ဂွမြို့ ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်က ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီးနောက် ဝန်ထမ်းများက အင်္ဂလိပ်စာ ဉာဏ်စမ်းမေးခွန်းများကို မေးမြန်းပြီး ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ကျောင်းသား၊ ကျောင်းသူ (၂၀) ဦးပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသည့် ကလေးငယ်များအား ဆုများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သတင်း - ရွှေရည်ဝင်းကျော်
https://t.me/MyanmarNationalPost




No comments:
Post a Comment