ပဲခူးမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေး လုပ်ငန်းစဉ်များ စတင်လက်ခံဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပဲခူးမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေး လုပ်ငန်းစဉ်များ စတင်လက်ခံဆောင်ရွက်




MNP - မေ   ၂၆


ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်ရှိ အခြေခံပညာကျောင်း အသီးသီး၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် မေ ၂၆ ရက်မှစ၍ ကျောင်းအပ်နှံရေး လုပ်ငန်းစဉ်များ စတင်လက်ခံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများ၌ မေ ၂၆ ရက်မှ ဇွန်လ ၁ ရက်အထိ   ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ဆောင်ရွက်လျက်ရှိရာ ကျောင်းများ စတင်ဖွင့်လှစ်နိုင်ရေးအတွက် တာဝန်ကျကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများက မိမိတို့ တာဝန်ကျရာ ကျောင်းများ၌ ကျောင်းအပ်နှံရေး လုပ်ငန်းစဉ်များကို အခမဲ့ဆောင်ရွက်ပေးခြင်း၊ ကျောင်း စတင်အပ်နှံသည့် နေ့တွင် ကျောင်းသား၊ ကျောင်းသူတစ်ဦးလျှင် နိုင်ငံတော်မှ ပံ့ပိုးပေးသော ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံများ အခမဲ့ပေးအပ်ခြင်းတို့ ဆောင်ရွက်‌ပေးလျက် ရှိသည်။


ကျောင်းသား၊ ကျောင်းသူများကို ဇွန် ၂ ရက်နေ့မှစ၍ စတင်ပညာသင်ကြားပေးမည်ဖြစ်ပြီး ပဲခူးမြို့နယ်၌ အခြေခံပညာ အထက်တန်းကျောင်း (၂၃)ကျောင်း၊ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) (၁၁)ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း (၁၂) ကျောင်း၊ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)  (၆၃)ကျောင်း၊ အခြေခံပညာ မူလတန်းလွန်ကျောင်း (၁၁၄) ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း (၅)ကျောင်း၊ အခြေခံပညာ မူလတန်းကျောင်း (ခွဲ) (၉)ကျောင်း စုစုပေါင်း (၂၃၇ )ကျောင်း ရှိကြောင်း သိရသည်။


သတင်း - သက်ဖြိုးကြိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)