ပွင့်ဖြူမြို့နယ်၌ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေ ၃၀ ရက်နေ့အထိ ကျောင်းသားကျောင်းသူ ၁၉၈၁၃ ဦး ကျောင်းအပ်နှံထားပြီးဖြစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပွင့်ဖြူမြို့နယ်၌ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေ ၃၀ ရက်နေ့အထိ ကျောင်းသားကျောင်းသူ ၁၉၈၁၃ ဦး ကျောင်းအပ်နှံထားပြီးဖြစ်

 


MNP - မေ   ၃၁


မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိဖို့အတွက် မေလ(၂၆)ရက်နေ့ကစပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအားလုံးတွင် သက်ဆိုင်ရာ ကျောင်းအုပ်ဆရာ၊ ဆရာမများ၏ အနီးကပ်ကြီးကြပ်မှုဖြင့် အတန်းပိုင်ဆရာ၊ ဆရာမများက ကျောင်းသား ကျောင်းသူများကို  ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ မေ ၃၀ ရက်နေ့အထိ ကျောင်းသားကျောင်းသူ စုစုပေါင်း ၁၉၈၁၃ ကျောင်းအပ်နှံထားပြီးဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။ 


ပွင့်ဖြူမြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် "ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြဖို့" ကျောင်းအပ်နှံရေးဆိုင်းဘုတ်စိုက်ထူခြင်းကို မြို့နယ်ပညာရေးဌာနမှကြီးမှူး၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် အသိပေးကြေညာ ဆောင်ရွက်ထားရှိသည့်အပြင် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကိုလည်း မေ ၂၆ ရက်နေ့က ပွင့်ဖြူမြို့(အ.ထ.က)ကျောင်း အစည်းအဝေးခန်းမတွင်ပြုလုပ်၍ ကျောင်းအပ်နှံရေးဆိုင်ရာကိစ္စရပ်များကို အသိပေးရှင်းလင်းဆွေးနွေး ပြောကြားကာ ကျောင်းသားကျောင်းသူများကို မည်သည့်အခကြေးငွေမျှ ကောက်ခံခြင်းမပြုဘဲ စနစ်တကျ ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်ပေးခြင်းနှင့် ကျောင်းသုံးပြဌာန်းစာအုပ်များ၊ ဗလာစာအုပ်များနှင့် စာရေးကိရိယာများကို အခမဲ့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


ပွင့်ဖြူမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၃)ကျောင်း အပါအဝင် အခြေခံပညာကျောင်းပေါင်း (၁၆၉)ကျောင်းရှိပြီး အ.ထ.ကကျောင်း(၁၀)ကျောင်း၊ အ.ထ.က(ခွဲ)ကျောင်း(၁၇)ကျောင်း၊ အ.လ.ကကျောင်း(၅)ကျောင်း၊ အ.လ.က(ခွဲ)ကျောင်း(၁၀)ကျောင်း၊ (မူလွန်)ကျောင်း(၁၂)ကျောင်း၊ အ.မ.ကကျောင်း(၁၀၇)ကျောင်း ၊ အ.မ.က(ခွဲ)ကျောင်း(၅)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၃)ကျောင်းတို့ဖြစ်ကြောင်း သိရသည်။ အဆိုပါ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ဇွန်လ(၁)ရက်နေ့အထိ ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ဇွန်(၂)ရက်နေ့တွင် ကျောင်းများဖွင့်လှစ်၍ သင်ကြားပို့ချ ပေးသွားမည်ဖြစ်ရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအလိုက် ကျောင်းသားကျောင်းသူများ၏ အုပ်ထိန်းသူ မိဘပြည်သူများက မိမိတို့သားသမီးများကို ပညာသင်ယူခွင့်ရရှိစေရေးအတွက် လာရောက်ကျောင်းအပ်နှံကြရာ မေ ၂၆ ရက်နေ့မှ ၃၀ ရက်နေ့အထိ တစ်မြို့နယ်လုံး (ထက်၊ လယ်၊ မူ) ကျောင်းသားကျောင်းသူ စုစုပေါင်း ၁၉၈၁၃ ဦး လာရောက် ကျောင်းအပ်နှံထားပြီးဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။   


သတင်း - လှိုင်ဝင်းလေး 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)