ကရင်ပြည်နယ်ဝန်ကြီးချုပ် ပိုင်ကျုံ-ကော့ကရိတ် ဆက်သွယ်ထားသည့် အာရှလမ်းမကြီးပေါ် ရှိ သံကူကွန်ကရစ်တံတားဖွင့်ပွဲ အခမ်းနားတက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကရင်ပြည်နယ်ဝန်ကြီးချုပ် ပိုင်ကျုံ-ကော့ကရိတ် ဆက်သွယ်ထားသည့် အာရှလမ်းမကြီးပေါ် ရှိ သံကူကွန်ကရစ်တံတားဖွင့်ပွဲ အခမ်းနားတက်ရောက်

 




MNP - မေ  ၂၄


ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့နယ်အတွင်းရှိ‌ ဒေသခံပြည်သူများသွားလာရေး ပိုမိုအဆင်ပြေ လွယ်ကူစေရေး၊ ဒေသဖွံ့ဖြိုးတိုးတက်စေရေးနှင့် အန္တရာယ်ကင်းစွာ ဖြတ်သန်း သွားလာနိုင်‌စေရန် ရည်ရွယ်၍ ထီလုံ-တာပေါင်-ပတ-နဘူး-ကော့ကရိတ် ဆက်သွယ်ထားသည့်   အာရှလမ်းမကြီးပေါ်တွင် သံကူကွန်ကရစ် တံတားတည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၂၁ခုနှစ်၊ နိုဝင်ဘာလတွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၂ ခုနှစ်၊ မတ်လနောက်ဆုံးအပတ်တွင် ရာနှုန်းပြည့် ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။


အဆိုပါတံတားသည် ပိုင်ကျုံမြို့မှ ကော့ကရိတ်မြို့နယ်အထိ ဆက်သွယ်ထားလျက်ရှိရာအရှည်  ၃၆.၅၀ မီတာ× အကျယ်၉.၄၅ မီတာရှိပြီး ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ကရင်ပြည်နယ် အစိုးရအဖွဲ့၏ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ်သန်း (၆၁၀)ဖြင့်သံကူကွန်ကရစ်တံတား ဖွင့်ပွဲအခမ်းအနားကိုယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


တံတားဖွင့်ပွဲအခမ်းအနားတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် အစိုးရအဖွဲ့ ဝန်ကြီးများ၊ KNU/KNL/ PC  စစ်ဦးစီးချုပ်  ဗိုလ်ချုပ်ကြီးစောထော့လေး၊ တပ်မဟာ(၇) ဘားအံခရိုင်၊ ဥက္ကဋ္ဌပဒို အောင်မောင်ဧ၊ BGF အမှတ်( ၂ )တပ်နယ်မှူး၊ ဒုတိယဗိုလ်မှူးကြီး စောကြာအင်း၊ ပြည်နယ်လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ ဦးအောင်ညို၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးအောင်လွင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသန်းနှင့်‌ ဒေသခံပြည်သူများ ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြောင်း သိရသည်။


အဆိုပါတံတားဖွင့်ပွဲအား ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများတို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခြင်း၊ ကမ္ဗည်းကျောက်စာတိုင်အား စက်ခလုတ်ဖွင့်လှစ်ပေးခြင်းနှင့် တံတား အားဖြတ်သန်းကြည့်ရှုပြီး အမှာစကားကို ကရင်ပြည်နယ် ဝန်ကြီးချုပ်မှလည်းကောင်း၊ တံတားဆိုင်အချက်အလက်များကို လမ်းဦးစီးဌာနက ပြည်နယ်ညွှန်ကြားရေးမှူးမှ လည်းကောင်း၊ အသီးသီးရှင်းလင်း‌ပြောကြားပြီး တံတားတည်ဆောက်ပေးခြင်းကြောင့် ဒေသခံပြည်သူများအနေဖြင့် အန္တရာယ်ကင်းစွာဖြတ်သန်းသွားလာနိုင်ပြီးဖြစ်ကြောင်း၊ တံတားတည်ဆောက်ခြင်းဖြစ်မြောက်ရေးအတွက် ဆောင်ရွက်ပေးသည့် တာဝန်သူများအားလုံးကို ဒေသခံပြည်သူ တစ်ဦးမှကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။


သတင်း - နော်ခူး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)