MNP ၊ မေ ၂၇
မွန်ပြည်နယ်၊ ပေါင်မြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် သဘာဝပတ် ဝန်းကျင် စိမ်းလန်းစိုပြေရေးအတွက် ကျေးရွာချင်းဆက်လမ်းများတွင် စိုက်ပျိုးနိုင်ရန် ပြည်သူလူထုထံသို့ ဖြန့်ဝေရန်၊ ဌာနဆိုင်ရာရုံးများ၊ စာသင်ကျောင်းများတွင် ဖြန့်ဝေစိုက်ပျိုးရန် အရိပ်ရသစ်ပင်ပေါင်း (၂၅၃၀၀)ကို ပျိုးထောင်ထားကြောင်းသိရသည်။
ဒေသခံပြည်သူများအခမဲ့စိုက်ပျိုးနိုင်ရန်အတွက် ကျွန်း(၂၀၀၀)၊ မဟော်ဂနီ (၅၀၀၀)၊ မန်ဂျန်ရှား(၁၅၀၀၀)၊ ဗြူးခြေထောက်(၃၀၀)၊ ပျဉ်းကတိုး(၃၀၀၀)တို့ကို ပျိုးထောင်ထားကြောင်း၊ မြို့နယ် အတွင်းမှ စိုက်ပျိုးလိုသော ပြည်သူများအနေဖြင့် ဇွန်လ တွင် အခမဲ့ လာရောက်တောင်းယူဖြန့်ဝေပေး သွားမည်ဖြစ်ကြောင်း မြို့နယ် သစ်တောဦးစီးဌာန တောအုပ် ဦးမျိုးကျော်သူထံမှ သိရသည်။
မြို့နယ်သစ်တောဦးစီးဌာနမှ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကိုလည်း မေလ ၂၈ ရက်နေ့ တွင် အလှပ်ကျေးရွာ၌ စိုက်ပျိုးသွားမည်ဖြစ်ကြောင်းသိရသည်။
သတင်း - မွန်မလေး
https://t.me/MyanmarNationalPost

No comments:
Post a Comment