ဇမ္ဗူသီရိမြို့နယ်၌ ဗုဒ္ဓဘာသာအခြေခံ ယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဇမ္ဗူသီရိမြို့နယ်၌ ဗုဒ္ဓဘာသာအခြေခံ ယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲ ကျင်းပ

 




MNP - မေ   ၁၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက်၊ သာသနမဉ္ဇူဓမ္မာရုံတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ပြည်လုံးချမ်းသာဂေါပကအဖွဲ့တို့မှ ကြီးမှူးကျင်းပသော ဗုဒ္ဓဘာသာ အခြေခံယဉ်ကျေးလိမ္မာ သင်တန်းဆင်းပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းဆင်းပွဲတွင် ဇမ္ဗူသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးကျော်အောင်က ဗုဒ္ဓဘာသာအခြေခံယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် အကြီးတန်း၊ အလယ်တန်းနှင့် အငယ်တန်းတို့တွင် ပထမ၊ ဒုတိယ၊ တတိယဆုနှင့် နှစ်သိမ့်ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် အလှူရှင်များအား ဇမ္ဗူသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ထူးချွန်ဆုများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများအားပေးအပ်ခဲ့ရာ ကျောင်းသားမိဘတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

အဆိုပါ သင်တန်းကို အေးမြသာယာကျောင်း ဆရာတော် (၁) ပါး၊ သပြေကုန်းရပ်ကွက်အတွင်းမှ ပရဟိတဆရာမ (၅) ဦးတို့က ဧပြီလ ၂၅ ရက်နေ့မှ မေလ ၁၀ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ပြီး ကျောင်းသား/ကျောင်းသူ (၁၅၀) ဦးခန့်တက် ရောက်သင်ကြားကြောင်း သိရှိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)