ပိုင်ကျုံမြို့၊ ကစိုကျေးရွာအုပ်စု၌ အသက်(၁၈)နှစ်‌ အောက်ပြည်သူများအား ဒုတိယအကြိမ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ကွင်းဆင်းထိုးနှံ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပိုင်ကျုံမြို့၊ ကစိုကျေးရွာအုပ်စု၌ အသက်(၁၈)နှစ်‌ အောက်ပြည်သူများအား ဒုတိယအကြိမ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ကွင်းဆင်းထိုးနှံ



MNP - မေ   ၃၀


ကရင်ပြည်နယ်၊  ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင်   ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်စေရန်နှင့် ရောဂါပိုးကူးစက်ပြန့် ပွားမှုကို လျှော့နည်းစေရန်ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို အရှိန်အဟုန်မပျက်ထိုးနှံ‌ပေးလျက်ရှိကြောင်း သိရသည်။


ပိုင်ကျုံမြို့တွင် ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို ၂၀၂၁ခုနှစ်၊ ဩဂုတ်လမှစတင်ထိုးနှံ‌ပေးလျက်ရှိပြီး ‌မြို့နယ်အတွင်းရှိ ဒေသနေပြည်သူများကာကွယ်ဆေး ရာနှုန်ပြည့်ထိုးနှံနိုင်ရေးအတွက် မြို့နှင့်အလှမ်းဝေးသောကျေးရွာအုပ်စုများ၊ သွားလာရန်ခက်ခဲသောကျေးရွာများနှင့် အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသေးသည့် မိဘပြည်သူများ အား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက်‌ ဇန်နဝါရီလ ၂၀ ရက်နေ့မှစ၍ ကျေးရွာများအရောက် ကွင်းဆင်း၍ထိုးနှံပေးလျက်ရှိရာမေလ ၁၃ရက်‌ နေ့အထိ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပြီးသူစုစုပေါင်း (၁၇၅၅၇)ဦးရှိပြီးဖြစ် ကြောင်း၊ အသက်(၁၈)နှစ်‌အောက် ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် မေ ၁ ရက်နေ့တွင် ကစို‌ကျေးရွာ၌ ပထမအကြိမ်ကွင်းဆင်းထိုးနှံ‌ပေးခဲ့ရာ အသက်၁၈နှစ်အောက် ပြည်သူ ၁၆၆ ဦး ထိုးနှံပေးနိုင်ခဲ့ပြီး ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူ ၁၆၆ ဦးအား ဆေးအကြိမ်ပြည့်ထိုးနှံ နိုင်ရေးအတွက် မေလ ၃၀ ရက်နေ့တွင် ကစို‌ကျေးရွာဘုန်းတော်ကြီးကျောင်း၌ ဒုတိယအကြိမ် ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။


ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ပိုင်ကျုံမြို့ ကျေးလက်ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ကျေးရွာအုပ်စုအတွင်းရှိတာဝန်ရှိသူများတို့က ပူးပေါင်း၍ ကာကွယ်ဆေးလာရောက်ထိုးနှံသည့် ပြည်သူများအားအအဆင်‌ပြေလွယ်ကူစေရန်အတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


သတင်း - နော်ခူး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)