ကျောက်ဆည်မြို့နယ်တွင် တိုင်ထောင်ပဲတောင့်ရှည်သီးနှံ စိုက်ပျိုးရောင်းချသူများ နေ့စဉ်ဝင်ငွေရ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်ဆည်မြို့နယ်တွင် တိုင်ထောင်ပဲတောင့်ရှည်သီးနှံ စိုက်ပျိုးရောင်းချသူများ နေ့စဉ်ဝင်ငွေရ




MNP - မေ   ၃၁


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင်၊ ဆန်စပါးကိုအဓိကထားစိုက်ပျိုးကြသော်လည်း တောင်သူအချို့သည့် နေ့ စဉ်ဝင်ငွေရနိုင်သည့် ကာလတိုသီးနှံများစိုက်ပျိုးရောင်းချလျက်ရှိရာ တိုင်ထောင်ပဲတောင့်ရှည်သီးနှံ စိုက်ပျိုးရောင်းချသူများ နေ့ စဉ်ဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။


ပဲတောင့်ရှည်သီးနှံသည် နှုန်းမြေနှင့်ကိုင်းကျွန်းမြေများတွင် ကောင်းစွာဖြစ်ထွန်းကြောင်း စိုက်ပျိုးပြီးရက်ပေါင်း (၇၀)တွင် စတင်ခူးဆွတ်ရကြောင်း၊ ရွက်စားပိုးနှင့်သီးလုံးဖောက်ပိုးများ ကြိုက်နှစ်သက်သည့်သီးနှံဖြစ်သောကြောင့် လိုအပ်သည့်အချိန်တွင် ပိုးနှင်ဆေးများဖျန်းပေးရကြောင်း၊ မျှားနီပဲတောင့်ရှည်မျိုး (၁)ထုပ်စိုက်ပျိုးပါက စတင်ခူးဆွတ်ချိန်တွင် (၅)ပိသာခန့်ခူးဆွတ်ရပြီး အသီးလှိုင်လှိုင်ပေါ်ချိန်တွင် တစ်ခါခူးဆွတ်ပါက (၃၅)ပိဿာမ(၄၀)ပိဿာအထိခူးဆွတ်ရကြောင်း မိသားစုတစ်ပိုင်တစ်နိုင်လုပ်အားဖြင့် ပဲတောင့်ရှည်စိုက်ပျိုးထားသည့် အနောက်သာဂရကျေးရွာမှ ဦးမြအောင်ကပြောပြသည်။


ပဲတောင့်ရှည်သီးနှံစိုက်ပျိုးမည်ဆိုပါ ရေသွင်းရေထုတ်လွယ်ကူစေရန်အတွက် မြေဘောင်များပြုလုပ်ပြီး တစ်ပင်နှင့်တစ်ပင်၊တစ်ပေခွဲအကွာ၊ တစ်တန်းနှင့်တစ်တန်း၊နှစ်ပေခန့်အကွာ စိုက်ပျိုးမှသာလေဝင်လေထွက်နှင့်နေရောင်ခြည်ကောင်းစွာရရှိကာ အပင်ဖြစ်ထွန်းပြီး သီးအထွက်နှုန်းကောင်းမွန်ကြောင်း "ပဲတောင့်ရှည်သီးနှံသည် နေ့စဉ်ခူးဆွတ်ရောင်းချရကြောင်း၊ နေ့စဉ်ခူးဆွတ်ခြင်းမပြုပါက အခွံအကြောများရင့်မာသွားပြီး ရောင်းချရာတွင် ဝယ်ယူသူများကြိုက်နှစ်သက်မှုနည်းသဖြင့် ဈေးကောင်းမရကြောင်း၊ တစ်ခါခူးဆွတ်ပါက အချိန်(၂၀)ပိဿာရရှိပြီး ရောင်းဈေးအနေနဲ့ ဒိုင်သွင်းဈေးတစ်ပိသာ(၈၀၀)ကျပ်ရောင်းရကြောင်း” မျှားနီတံ ဆိပ်တိုင် ထောင်ပဲတောင့်ရှည် (၁)ထုပ်စိုက်ပျိုးထားသည့် ဦးမြအောင်က ဆက်လက်ပြောပြသည်။


သတင်း - သက်မောက်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)