ဇီးကုန်းမြို့နယ်၌ ၂၀၂၂ ခုနှစ် မိုးရာသီစပါး စိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဇီးကုန်းမြို့နယ်၌ ၂၀၂၂ ခုနှစ် မိုးရာသီစပါး စိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေး




MNP - မေ  ၁၇


ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊  ဇီးကုန်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ဇီးကုန်းဘဏ်ခွဲ)မှ စိုက်ပျိုးစရိတ် ချေးငွေများကို တောင်သူများအား နှစ်စဉ်ထုတ်ချေးပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် မိုးစပါး စိုက်ပျိုးစရိတ် ချေးငွေများကို ယမန်နေ့ ညနေ ၃ နာရီခွဲက အဆိုပါဘဏ်ခွဲတွင် စတင်ထုတ်ချေးပေးခဲ့သည်။


မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မန်နေဂျာ ဒေါ်စိုးစိုးဦးက ရှေးဦးစွာ တောင်သူများအား မိုးစပါး စိုက်ပျိုးစရိတ် ချေးငွေများကို တစ်ဧကလျှင် ကျပ်တစ်သိန်းခွဲနှုန်းဖြင့် အများဆုံး လယ် ၁၀ ဧကအထိ အတိုးနှုန်း (၅)ရာခိုင်နှုန်း ဖြင့် ထုတ်ချေးပေးခြင်းဖြစ်ကြောင်း၊ ချေးငွေများထုတ်ချေးပေးရာတွင် ယခင်နှစ်ချေးငွေများ အချိန်မီပြန်လည်ပေးဆပ်ပြီးသည့် တောင်သူများအား ဦးစားပေး ထုတ်ချေးပေးလျက်ရှိကြောင်းနှင့် စိုက်ပျိုးစရိတ်ချေးငွေများကို အကျိုးရှိစွာသုံးစွဲစေရေး တို့ကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် သာပေါင်းကျေးရွာအုပ်စုမှ တောင်သူ(၇၇)ဦးအား တစ်ဧကလျှင် ကျပ်တစ်သိန်းခွဲနှုန်းဖြင့် ဧက(၄၇၉)ဧကတွက် ကျပ်ခုနှစ်ရာတစ်ဆယ့်ရှစ်သိန်း ငါးသောင်းကို တောင်သူများ လက်ဝယ် အရောက် ထုတ်ချေးပေးခဲ့သည်။


လယ်ယာစိုက်ပျိုးရေး လုပ်ကိုင်သည့် တောင်သူများအား စိုက်ပျိုးစရိတ်အရင်းအနှီး ရရှိစေရေးအတွက် နိုင်ငံတော်မှ နှစ်စဉ်ထုတ်ချေးပေးခြင်းဖြစ်ကြောင်း၊ ယခုနှစ်တွင် ဇီးကုန်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲအနေဖြင့် ကျပ်သန်းပေါင်း လေးထောင့်ငါးရာကို ထုတ်ချေးပေးရန် လျာထားလျက်ရှိကြောင်းနှင့် မေလမှ စက်တင်ဘာလအထိ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း ဇီးကုန်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာထံမှ သိရသည်။


သတင်း - တင့်ဆွေ


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)