ချောက်မြို့နယ်၌ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ချောက်မြို့နယ်၌ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ



MNP - မေ  ၂၉


မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၊ ရေတွင်းကျေးရွာ၊ ကြွေသီးစက်ရုံဝင်းအတွင်း၌ သစ်တောဦးစီးဌာနကဦးဆောင်၍ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး၊ ရာသီဥတု ကောင်းမွန်မျှတရေး၊ အရိပ်အာဝသနှင့် မျက်စိပသာဒအကျိုးများရရှိရေး၊ ပြည်သူများ သစ်ပင်စိုက်ပျိုးပွဲတော်တွင် စိတ်ပါဝင်စား စွာပါဝင်လာစေရေးရည်ရွယ်၍ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်ကို ယမန်နေ့ နံနက် (၈)နာရီအချိန်ကကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်တွင်မြို့နယ်သစ် တောဦးစီးဌာနက ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများထံသို့ ပျိုးပင်များ ပေးအပ်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးတင်ထွန်းဦး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကြွေသီးစက်ရုံမှူးနှင့် ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများက ပူးပေါင်းပါဝင် စိုက်ပျိုးခဲ့ကြသည်။


မိုးရာသီ သစ်ပင်စိုက်ပွဲတော်တွင ကာလဒေသနှင့်ကိုက်ညီသည့် ယူကလစ်(၅၀)ပင်၊ ကုက္ကိုလ် (၃၅)ပင်၊ တမာ(၃၅)ပင်၊ လျှော်ဖြူ(၄၀)ပင်၊ ယင်းမာ(၃၅)ပင်မယ် ဇလီ(၃၅)ပင်၊ စိန်ပန်းကြီး (၃၅)ပင်၊ သစ်ဆိမ့်(၃၅)ပင် စုစုပေါင်း အရိပ်ရသစ်ပင် (၃၀၀)ပင်တို့အား စိုက်ပျိုးခဲ့ကြောင်း သိရ သည်။


သတင်း  - ကျော်မိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)