ကျောက်ဆည်မြို့နယ်တွင် ကြက်သွန်နီလှောင်ထားနိုင်သည့်တောင်သူများ အဆင်ပြေ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်ဆည်မြို့နယ်တွင် ကြက်သွန်နီလှောင်ထားနိုင်သည့်တောင်သူများ အဆင်ပြေ

 





MNP - မေ  ၂၃


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဆန်စပါးကို အဓိထားစိုက်ပျိုးကသော်လည်း အခြားအကျိုးအမြတ်ရရှိမည့် ဆီထွက်သီးနှံမျိုးစုံ၊ ကြက်သွန်အဖြူ/အနီ၊ ငှက်ပျော၊ ကွမ်းများ စိုက်ပျိုးကြကြောင်းသိရှိရကာ ကြက်သွန်နီဈေးနှုန်းသည် တစ်ပိဿာ(၆၅၀)ကျပ်မှ(၇၀၀)ကျပ်အထိ ရောင်းချရသဖြင့် ကြက်သွန်နီလက်ဝယ်လှောင်ထားနိုင်သည့်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။


ကြက်သွန်နီ တစ်ဧက စိုက်ပျိုးမည်ဆိုပါက မျိုးစေ့(၂)ပြည် အသုံးပြုရကြောင်း ကုန်ကျစရိတ်အနေဖြင့် မျိုးဖိုး(၃၆၀၀၀)ကျပ်၊ မြေပြင်ခအဖြစ် ထွန်၊ထယ်စရိတ် (၁၅၀၀၀၀)ကျပ်၊ စိုက်ပျိုးစရိတ်(၁၃၀၀၀၀)ကျပ်၊ မြေဆီမြေဩဇာ(၃၅၅၀၀၀)ကျပ်၊ ဖျန်းဆေး(၁၂၀၀၀၀)ကျပ်၊ ကြက်သွန်တူးဖောင်ခ(၁၃၀၀၀၀)ကျပ် ခန့်မှန်း ကုန်ကျကြောင်းနှင့်ကြက်သွန်နီစိုက်ပျိုးရန် ကိုယ်ပိုင်မြေမရှိ၍ မြေအငှားဖြင့်စိုက်ပျိုးပါက ငွေကျပ် (၁၃၀၀၀၀၀)မှ (၁၅၀၀၀၀၀)ကျပ်ခန့်ကုန်ကျကြောင်း သင်တောင်းကျေးရွာမှ ကြက်သွန်နီ စိုက်ပျိုးတောင်သူ ဦးမောင်စိုးက ပြောပြ၍ သိရသည်။


ကျောက်ဆည်မြို့နယ် ပန်းခွာ၊ ကျီးပြ၊ သင်ပျို၊ ကျီးအိပ်၊ ဒွေးလှ၊ ငါးဆူ၊ ရှားပင်ကျေးရွာအုပ်များတွင် တွင်(၄၃၃)ဧက၊ ဒါန်းတိုင်၊ ရန်ဘက်လို၊ ပေတော၊ ဘုံကွင်း၊ စင်းကွန်းကျေးရွာအုပ်စုများတွင် (၁၀၈၂) ဧက၊ အရှေ့ငယ်တိုး၊ ထန်းဇင်တော်၊ ငှက္ကတောင်၊ ရွှေဓား၊ ရဲဘော်ကြီးကျေးရွာအုပ်စုများတွင် (၂၄၅) ဧက၊ မင်းစု၊ စပါယ်တော၊ ရွှေအင်း၊ လေးဆယ်ကိုန်း၊ တော်တွင်၊ မြေစိုပါယ်ကျေးရွာအုပ်စုများတွင် (၁၃၉)ဧက၊ ဟံမြင့်မိုရ်၊ လယ်ကြီး၊ ပုန်းညက်ကျေး၊ ကျားကာ၊ ခါးတက်ကုန်း၊ ပုန်ညက်ကျေးကျေးရွာ အုပ်စုများတွင်(၇၂)ဧက၊ ဆူးလေကုန်း၊ ပေါက်ပင်ကွေ့၊ မြေစိုမိုး၊ ပဲခင်း၊ ပေါင်လောင်၊ တောင်တော်၊ ကင်းကျေးရွာအုပ်စုများတွင် (၁၅၁)ဧက စိုက်ပျိုးကြောင်း မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။


သတင်း - သက်မောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)