ဥတ္တရသီရိမြို့နယ်တွင် နွေစပါး(၁)ဧက တင်း(၁၂၀)နှင့်အထက်ထွက်ရှိရေး(၁၀)ဧကစံပြကွက်ရိတ်သိမ်းပွဲ အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဥတ္တရသီရိမြို့နယ်တွင် နွေစပါး(၁)ဧက တင်း(၁၂၀)နှင့်အထက်ထွက်ရှိရေး(၁၀)ဧကစံပြကွက်ရိတ်သိမ်းပွဲ အခမ်းအနားကျင်းပ







MNP - မေ  ၂၃


ပြည်ထောင်စုနယ်မြေ၊ ဥတ္တရသီရိမြို့နယ် ဇလောင်းအုပ်စု၊ ငန်းစပ်ကျေးရွာရှိ တောင်သူ ဦးထွန်းဝေပိုင်ဆိုင်သော ကွင်းအမှတ်(၁၈၈၁) စံပြစိုက်ကွက်တွင်နွေစပါး (၁)ဧကတင်း(၁၂၀)နှင့် အထက်ထွက်ရှိရေး(၁၀)ဧကစံပြကွက်ရိတ်သိမ်းပွဲ အခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီက အဆိုပါကျေးရွာ၌ ကျင်းပသည်။


အခမ်းအနားတွင် ဥတ္တရသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမြတ်သိန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးဦးတင့်နိုင်၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးစိုးမိုးအောင်တို့က နွေစပါးအထွက် နှုန်းတိုးတက်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ နွေစပါးအထွက်နှုန်းတိုးတက်မှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။


ထို့နောက် ဥတ္တရသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမြတ်သိန်းနှင့် တာဝန်ရှိသူများက စူပါနှံကောက်အမျိုးအစားနွေစပါးစံပြကွက်ရိတ်သိမ်းခြင်းအား ကြည့်ရှုအားပေးခဲ့ကြပြီး ယနေ့ရိတ်သိမ်းသည့် စူပါနှံကောက်အမျိုးအစားနွေစပါး(၁)ဧကအထွက်နှုန်း တင်း(၁၇၀)ခန့် ထွက်ရှိကြောင်း၊ အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်း၊ ဒက္ခိဏခရိုင် စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးဝင်းမြင့်၊ ဆည်မြောင်းနှင့်ရေအသုံးချမှုဦးစီးဌာန၊ ဦးစီးမှူး ဦးအောင်သူ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများနှင့်‌ တောင်သူစုစုပေါင်း (၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။


သတင်း - ကျော်စွာဟိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)