MNP - မေ ၁
ဧပြီလ ၂၉ ရက်နေ့မွန်းလွဲပိုင်းက လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် လင်းခေးမြို့နယ်၊ ဝမ်စလောင်းကျေးရွာရှိ ရွာဦးဘုန်းတော်ကြီးကျောင်းတစ်ကျောင်းနှင့် လူနေအိမ်(၁၀)လုံးတို့ လေပြင်းဒဏ်ဖြင့် (ခေါင်မိုးသွပ်များပျက်စီးသွားမှု) ဖြစ်ပေါ်ခဲ့သောကြောင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့၊ လင်းခေးခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲက အဆိုပါ ဘေးသင့်ဘုန်းတော်ကြီးကျောင်းနှင့် ကျေးရွာအတွင်းရှိ လူနေအိမ်(၁၀)လုံး နေပြည်သူတို့အား ထောက်ပံ့ငွေများနှင့် ဆန်ရိက္ခာဖိုးများကို ကွင်းဆင်းပေးအပ်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက် တာကျော်ထွန်းက ဝမ်စလောင်းကျေးရွာ၊ ရွာဦးဘုန်းတော်ကြီး ကျောင်းပြုပြင်ရန်အတွက် အလှူငွေကျပ်(၃)သိန်း၊ လေဘေးသင့် လူနေအိမ် အိမ်ထောင်စု တစ်စုလျှင် ကျပ်(၁)သိန်းစီဖြင့် နေအိမ်(၁၀)လုံးအတွက် ထောက်ပံ့ငွေကျပ်(၁၀)သိန်း စုစုပေါင်း လှူဒါန်းထောက်ပံ့ငွေကျပ် (၁၃)သိန်းအား ဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော်နှင့် လေဘေးသင့်ခံ ကျေးရွာသူ ကျေးရွာသားများ ကိုယ်စား ကျေးရွာစီမံအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတို့ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ လင်းခေးခရိုင် ဘေးန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနရုံးမှ ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးနေဝင်းနှင့် ဝန်ထမ်းများက အဆိုပါလေပြင်း ဘေးသင့်ဘုန်းတော်ကြီးကျောင်း သာသနိကအဆောက်အဦအတွက် လှူဒါန်းငွေကျပ်(၉၀,၀၀ဝိ/-) အိမ်ထောင်စုနေအိမ်(၁၀)အိမ်အတွက် တစ်အိမ်လျှင် ထောက်ပံ့ ငွေကျပ်(၉၀,၀၀ဝိ/-)စီနှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေများ အသီးသီး စုစုပေါင်းကျပ် (၁,၀၄၆,၆၀ဝိ/-)အား ၎င်းပြည်သူများလက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ ကြသည်။
အဆိုပါကျေးရွာမှ ရွာဦးဘုန်းတော်ကြီးကျောင်းသွပ်မိုးများ လေလွင့်ပျက်စီးသွားပြီး ကျေးရွာနေ ဦးဒေါဝဏ္ဏနေအိမ်၊ ဦးစိုင်းဖစ်၊ ဒေါ်နန်းမတ်၊ ဦးစိုင်းဆိ၊ ဦးစိုင်းကောင်း၊ ဦးစိုင်းလှ၊ ဦးစိုင်းနော်၊ ဒေါ်နန်းရွက်၊ ဦးစိုင်းမောင်အေးနေအိမ်များနှင့် ဦးစိုင်းဟစ်တို့၏ နေအိမ်များ သွပ်မိုးများ လေဘေးသင့်ခံခဲ့ရခြင်းကြောင့် ယခုကဲ့သို့ လာရောက်ကူညီထောက်ပံ့ ပေးရခြင်း ဖြစ်ပါကြောင်း ခရိုင်ဘေးန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှူးက ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်း - စိုင်းဇော်
မြန်မာနေရှင်နယ်ပို့စ်


No comments:
Post a Comment