MNP ၊ မေ ၁၂
မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ ကွန်ပျူတာတက္ကသိုလ်(သထုံ)တွင် ယနေ့ နံနက်မှစတင်ကာ ကွန်ပျူတာသိပ္ပံ၊ ကွန်ပျူတာနည်းပညာဘွဲ့ သင်တန်းများစတင် ဖွင့်လှစ်သင်ကြားလျှက်ရှိကာ (၂၀၂၂-၂၀၂၃)ပညာသင်နှစ်၊ ပထမနှစ် ကျောင်းသားကျောင်းသူများအား မောင်မယ်သစ်လွင်ကြိုဆိုပွဲ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
မောင်မယ်သစ်လွင်ကြိုဆိုပွဲတွင် ကွန်ပျူတာတက္ကသိုလ်(သထုံ) ပါမောက္ခချုပ် ဒေါက်တာနီလာသိန်းက ကျောင်းသားကျောင်းသူများအား ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး ဌာနမှူးများနှင့် ပထမနှစ်သင်ကြားမည့် ဆရာဆရာမများက တစ်ဦးချင်းမိတ်ဆက်စကားပြောကြားခဲ့ကြသည်။
ကွန်ပျူတာတက္ကသိုလ်(သထုံ)တွင် ကွန်ပျူတာသိပ္ပံနှင့် ကွန်ပျူတာနည်းပညာဘွဲ့ အတွက် (၂၀၁၉-၂၀၂၀)ပညာသင်နှစ် ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ် (ဒုတိယနှစ်ဝက်)သင်တန်းများ၊ (၂၀၂၁-၂၀၂၂)ပညာသင်နှစ် ပဉ္စမနှစ်(ပထမနှစ်ဝက်) သင်တန်းများ နှင့် (၂၀၂၂-၂၀၂၃)ပညာသင်နှစ်၊ ပထမနှစ်(ပထမနှစ်ဝက်)သင်တန်းများကို ယနေ့ စတင်ဖွင့်လှစ် သင်ကြားလျှက်ရှိရာ ဝင်ခွင့် ရရှိသည့် ကျောင်းသားကျောင်းသူပေါင်း (၅၆၇) ဦးရှိသည့်အနက် လက်ရှိအချိန်အထိ (၁၃၀) ဦး လာရောက်အပ်နှံပြီး အေးချမ်းစွာတက်ရောက်လျှက်ရှိကာ ဆရာဆရာမ (၃၄) ဦးတို့က သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - ကိုကိုဦး
https://t.me/MyanmarNationalPost



No comments:
Post a Comment