အစိုးရစက်မှု လက်မှုသိပ္ပံ(ခန္တီး) ကျောင်းဝန်းအတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

အစိုးရစက်မှု လက်မှုသိပ္ပံ(ခန္တီး) ကျောင်းဝန်းအတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်




MNP - မေ    ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ယမန်နေ့နံနက် (၈)နာရီအချိန်က မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် နယ်မြေခံတပ်မတော်သားများ၊ ကျောင်းရှိ ဆရာ/ဆရာမများ ပူးပေါင်းကာ အစိုးရစက်မှု လက်မှုသိပ္ပံ(ခန္တီး)ကျောင်းဝန်းအတွင်းရှိ ပေါင်းမြက်ပင်များအား စုပေါင်း ရှင်းလင်းခဲ့ကြသည်။

အဆိုပါ သန့်ရှင်းရေးပြုလုပ်ရာနေရာသို့ ခန္တီးတပ်နယ်မှူး ဗိုလ်မှူးကြီးသက်ထူးစံ၊ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမိုးနှင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ဦးဆွေတို့က သွားရောက်ကြီးကြပ် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)