MNP - မေ ၁
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့ ၌ မြို့နယ်မီးသတ်တပ်ဖွဲ့ မှ (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ်အကြို ဆိုင်းဘုတ်တင်ပွဲနှင့်စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းကို ယနေ့နံနက်(၇)နာရီ အချိန်ကပြုလုပ်ခဲ့သည်။
ရှေးဦးစွာမြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးသိန်းဇော်ဝင်း ဦးဆောင်သည့် သန္ဓေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက ချောက်မြို့ အမှတ်(၁၄)ရပ်ကွက် စစ်ကွင်းရပ်ရှိ မြို့နယ် မီးသတ်ဦးစီးမှူးရုံးရှေ့တွင် မေလ(၅)ရက်နေ့တွင်ကျရောက်မည့် (၇၆) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ်အကြိုဆိုင်းဘုတ်အား မြို့နယ်မီးသတ် ဦးစီးအရာရှိ ဦးသိန်းဇော်ဝင်းမှ အောင်သပြေ အမွေးနံသာရည်ပက်ဖြန်း၍ စိုက်ထူပေးခဲ့သည်၊ ယင်းနောက်အမှတ်(၁၀)ရပ်ကွက် အေးစေတီရပ်ရှိ မဟာအေးစေတီ မြတ်စွာဘုရားရင်ပြင်၊ ဘုရားတို့အားရေသပ္ပါယ်ပူဇော်ခြင်း၊ ဘုရားပရဝဏ်အတွင်း/အပြင်သန့်ရှင်းရေးပြုလုပ်ခြင်း၊ သစ်ပင်ခြောက်တို့အား Chan Saw (ဖြတ်စက်) တို့ဖြင့် ရှင်းလင်း၍ (၇၆)နှစ်မြောက်မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် အကြိုစုပေါင်းဆောင်ရွက်ကုသိုလ်ယူခဲ့ကြောင်းသိရသည်။
သတင်း - ကျော်မိုး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment