Pages

Pages

စဉ့်ကူးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ






MNP ၊  မေ  ၁၁

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စဉ့်ကူးမြို့နယ် ဒုတိယဦးစီးမှူး ဒေါ်တင်တင်နု က ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ပြိုင်ပွဲကိုဆက်လက်ကျင်းပရာ ကျောင်းသား၊ ကျောင်းသူ (၂၀)ဦးတို့က ကလေးတို့အတွက်မြန်မာစကားပုံများ စာအုပ်မှ “ကျွဲပါးစောင်းတီး”၊ “နွားကွဲကျားကိုက်”၊ “သဲထဲရေသွန်”၊ “ဆင်ကျီစားရာ ဆိတ်မခံသာ”၊ “ဆင်ကန်းတောတိုး” စသည့် စကားပုံများကို ဖတ်ကြားဆွေးနွေး ယှဉ်ပြိုင်ခဲ့ကြသည်။ 

ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စဉ့်ကူးမြို့နယ် ဦးစီးအရာရှိနှင့် တာဝန်ရှိသူ များက ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူလေးများအား အမှတ်တရလက်ဆောင်များ ပေးအပ် ချီးမြှင့်ခဲ့သည်။

ထိုသို့ စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပပြုလုပ်ပေးခြင်းဖြင့် ကလေးများ စာကြည့်တိုက်နှင့် ပိုမိုရင်းနှီး ကျွမ်းဝင်လာစေခြင်း၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်လာနိုင်ခြင်း၊ စာပေဖတ်ရှု မှတ်သားတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာနိုင်ခြင်း၊ လူအများနှင့်ပြောဆို ဆွေးနွေးတတ်စေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိလာနိုင်မည်ဖြစ်ကြောင်း သိရသည်။


သတင်း - တင်ဇာလွင် 

https://t.me/MyanmarNationalPost

No comments:

Post a Comment