Pages

Pages

မြောက်ဦးမြို့ ၌ အစိုးရပါဠိပထမပြန် စာမေးပွဲ ပဉ္စမနေ့ ဆက်လက်ဖြေဆိုလျှက်ရှိ





MNP ၊ မေ ၁၁

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၌ သာသနာရေးနှင့်ယဉ်ကျေးမှူးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် အစိုးရပါဠိပထမပြန် စာမေးပွဲကို ရတနာ့မာန်အောင်ကျောင်းတိုက် ဓမ္မာရုံတော်အတွင်း၌ ယနေ့ နေ့လယ် ၁၂ နာရီအချိန်မှ စတင်‌ဖြေဆိုလျှက်ရှိကြောင်း သိရသည်။

အဆိုပါ အစိုးရပါဠိပထမပြန်စာမေးပွဲဖြေသူ ရဟန်းရှင်သာမဏေ နှင့်မေသီလရှင်များသည် ယမိုက် အောက် (၅) ကျမ်းဘာသာ ဖြေဆိုသူ   ၆ ပါး   ၊ယမိုက်အထက်ကျမ်း(၅)ကျမ်း ဖြေဆိုသူ  ၁၄ ပါး ၊ ဘာသာပြန်ဘာသာ ဖြေဆိုသူ     ၂၇ပါး  စုစုပေါင်းဝင်ရောက်ဖြေဆိုသူ ၄၇ ပါးဖြေဆို နေမှုကို ဆရာ တော်ကြီးများနှင့် သာသနာတော်ပြန့်ပွားရေးဦးစီးဌာနမှဝန်ထမ်း တို့မှ အေးချမ်းတည်ငြိမ်စွာ ဖြေဆိုနိုင် ရန်အတွက် ကူညီဆောင်ရွက်ပေးလျှက်ရှိသည်။ထိုစာမေးပွဲကို မေလ (၇) ရက်နေ့မှ စတင်ကာ အခြေပြုမူလတန်း၊ပထမငယ်တန်း၊ပထမလတ်တန်းနှင့် ပထမကြီးတန်းတို့၏ ဘာသာ များတွင် ဝိနည်းကျင့်ဝတ်/သုကုမာရမဂ္ဂဒီပနီ၊ ဘိက္ခုပါတိမောက်ဘာသာ၊ ဒွေမာတိကာဘာသာ စသည့်တို့ကို မေလ ၁၃ ရက်နေ့ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - မြင့်စိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment