MNP ၊ မေ ၁၁
ရခိုင်ပြည်နယ် မောင်တောမြို့၌ အစိုးရပါဠိပထမပြန် စာမေးပွဲကို ယမန်နေ့ နံနက်ပိုင်းက သာသနာ့ ဗိမာန် တော်ကြီးတွင် ဆက်လက် ဖြေဆိုလျက်ရှိကြသည်။
မောင်တောမြို့နယ် စာဖြေဌာန၌ အစိုးရပါဠိပထမပြန် စာမေးပွဲကို သာသနာ့ဗိမာန်တော်၌ နေ့ လယ် ၁၂ နာရီမှ ညနေ ၃ နာရီထိ ကျင်းပ လျက်ရှိပြီး မောင်တောစာဖြေဌာနတွင် စာဖြေသံဃာ ၁၃ ပါး ဖြေဆိုရန် စာ ရင်း သွင်းထားပြီး သံဃာတော် ၁၀ ပါး ဝင်ရောက် ဖြေဆိုလျက်ရှိရာ ဆရာတော်ကြီးများ ၊ သာသနာ့ရေးမှူးရုံးမှ ဝန်ထမ်းများ နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးလျက်ရှိသည်။ အစိုးရ ပါဠိပထမပြန် စာမေးပွဲကို မေ ၁၀ ရက်နေ့တွင် ပထမ ကြီးတန်း တွင် အဘိဓာန် ၊ လင်္ကာဆန်း ဘာသာ ၊ ပထမလတ်တန်း သုတ္တန္တိတမာတိကာ နှင့် ဓာတုက ထာ ဘာသာရပ် ၊ ပထမငယ်တန်း တွင် တိက ၊ ဒုက နှင့် ဓာတုကထာ ဘာသာရပ် ၊အခြေပြု မူလတန်း တွင် တိက မာတိကာ ဘာသာရပ်များအား ဆက်လက်ဖြေဆိုခဲ့ကြရာ ဖြေဆိုမှု အနေဖြင့် ပထမ ကြီး တန်း (၁)ပါး၊ ပထမလတ် တန်း(၂)ပါး၊ ပထမငယ်တန်း(၄)ပါး၊ အခြေပြုမူလတန်း(၃)ပါး စုစုပေါင်း စာဖြေသံဃာ ၁၀ ပါး ဖြေဆိုကြပြီး ပျက်ကွက် အားဖြင့် ပထမလတ်တန်း (၁)ပါး ၊အခြေပြုမှုလတန်း (၂)ပါး စုစုပေါင်းသုံးပါးဖြေဆိုမှု ပျက်ကွက်ခဲ့ရာ ဖြေဆိုမှု ရာခိုင်နှုန်း အားဖြင့် (၇၆)ရာခိုင်နှုန်း ရှိကြောင်း နှင့် အဆိုပါ အစိုးရပါဠိပထမ ပြန် စာမေးပွဲကို မေ ၇ ရက်နေ့မှ ၁၃ ရက်နေ့ အ ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ခရိုင်သာသနာ့ရေးမှူးရုံးမှ သိရသည်။
သက်လွင်စိုး
https://t.me/MyanmarNationalPost


No comments:
Post a Comment