ဘုရားအနေကဇာတင်၊ တိမ်၊ ကျောင်းဓမ္မရုံ၊ ရေစက်ချအလှူတော်မင်္ဂလာနှင့် စုပေါင်းရဟန်းခံရှင်ပြု အလှူတော်မင်္ဂလာကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘုရားအနေကဇာတင်၊ တိမ်၊ ကျောင်းဓမ္မရုံ၊ ရေစက်ချအလှူတော်မင်္ဂလာနှင့် စုပေါင်းရဟန်းခံရှင်ပြု အလှူတော်မင်္ဂလာကျင်းပ






MNP - မေ   ၁၆


အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က ကြီးမှူးကျင်းပသော ဘုရားအနေကဇာတင်၊ တိမ်ကျောင်း၊ ဓမ္မရုံ၊ ရေစက်ချအလှူတော်မင်္ဂလာနှင့် စုပေါင်းရဟန်းခံရှင်ပြု အလှူတော်မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက်(၈)နာရီက ခိုလမ်မြို့ချမ်းမြေ ဂုဏ်ဝေပရဟိတသာသနာပြုကျောင်းတိုက်၌ ကျင်းပသည်။


စုပေါင်းရှင်ပြုအလှူတော်မင်္လာပွဲကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်း၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်လှမိုးနှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများတို့က တက်ရောက်ပြီးပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးတို့က ပရိတ်က္ခရာရှစ်ပါးကိုလွယ်၍ ဦးဆောင်ကာ ခိုလမ်မြို့အတွင်း ဆင်ထိန်းများ၊ မြင်းထိန်းများဖြင့် ရှင်သာမဏေလောင်းများ တင်ဆောင်ကာ ခိုလမ်မြို့တွင်းလှည့်လည်ကြသည်။


ဆက်လက်၍ ချမ်းမြေ့ဂုဏ်ဝေပရဟိသသာသနာပြုကျောင်းတိုက်ဆွမ်းပဒေသပင်အတွက် ရန်ကုန်တိုင်းဒေသကြီး မြောက်ဒဂုံမြို့နယ် ဓမ္မသစ္စာကျောင်းဆရာတော် ဒေါက်တာဂန္တာရထံ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် ဇနီးဒေါက်တာခင်ခင်ထူးတို့မှ အလှူငွေကျပ်သိန်း(၁၀၀)၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ငွေကျပ်သိန်း(၅၀)တို့ကို ဆက်ကပ်လှူဒါန်းပေးကြပြီး ဆရာတော်မှ မေတ္တာသုတ် ရွတ်ပွားချီးမြှင့်ပေးသည်။ အဆိုပါစုပေါင်းရဟန်းခံ၊ ရှင်ပြုအလှူတော်မင်္ဂလာတွင် ရဟန်းလောင်း(၁၂၄)ပါး၊ ရှင်သာမဏေ (၄၇)ပါး၊ သီလရှင်လောင်း (၃၉)ပါးရှိကြောင်း သိရသည်။


သတင်း - မောင်မောင်သန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)