MNP ၊ မေ ၁
ရခိုင်ပြည်နယ် မောင်တောမြို့၌ မေလ (၅)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ် ပြုသော အား ဖြင့် မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များက အသိပညာပေး ဗီနိုင်းများစိုက်ထူခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်ခန့်က မြို့နယ်မီးသတ်ဦးစီးဌာန ရုံးရှေ့ တွင် စိုက်ထူ ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွန်ကြားရေးမှူး ဦးသန့်ဇင် နှင့် မြို့နယ်မီးသတ် ဦးစီးမှူး ဦးထွန်းရွှေခိုင် တို့ ဦးစီး၍ ခရိုင်/မြို့နယ် မီးသတ်စခန်းများမှ တပ်ဖွဲ့ဝင်များက မီးဘေး အန္တရာယ် ကြိုတင် ကာကွယ်နိုင်ရေး အသိပညာပေးဗီနိုင်း၊ပိုစတာ များ စိုက်ထူပြီး တာဝန်ရှိသူများက အောင်သပြေခက် နှင့် ရေစင်များ ပတ် ဖျန်း ခဲ့ကြသည်။ မီးသတ်ဦးစီး ဌာနအနေဖြင့် မြို့နယ်အတွင်း ဘုရား စေတီ၊ ပုထိုးများတွင်လည်း ပြည်သူ့အကျိုးပြုလုပ်ငန်းများအား ဆက်လက် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
သတင်း - သက်လွင်စိုး
https://t.me/MyanmarNationalPost
No comments:
Post a Comment