၂၀၂၂ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲ ပဉ္စမနေ့ ဆက်လက်ဖြေဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

၂၀၂၂ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲ ပဉ္စမနေ့ ဆက်လက်ဖြေဆို




MNP ၊ မေ ၁၁

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၂ ခုနှစ်၊ အစိုးရပါဠိ ပထမပြန်စာမေးပွဲကို မေ ၁၁ ရက်နေ့လယ် ၁၂ နာရီက သံတွဲမြို့ ဘုရင့်နောင်လမ်းရှိ ဓမ္မဗိဗ္မာန် သံတွဲစာဖြေ ဌာန၌ ပဉ္စမနေ့စာမေးပွဲဖြေဆို လျက်ရှိကြောင်းသိရသည်။

ထိုသို့ဖြေဆိုရာတွင် သံတွဲစာဖြေဌာန၌ စတုတ္ထနေ့ ဖြေဆိုရန်စာရင်းတင်သွင်းထားသည့် စာဖြေသံဃာ (၃၁)ပါး ရှိသည့်နက်   ပထမလတ်တန်း (ယမိုက်အောက်(၅)ကျမ်း)ဘာသာရပ်ကို  ၄ ပါး၊ ပထမငယ် တန်း( ဘာသာပြန်)ဘာသာရပ်ကို(၁၆)ပါး၊စုစုပေါင်း (၂၀)ပါး ဝင်ရောက်ဖြေဆိုပြီး ပျက်ကွက်(၁၁)ပါးရှိကြောင်း နှင့်အခြေပြုမူလတန်းမှာ ယမန်နေ့က ဖြေဆိုပြီးစီးသွားကြောင်းသိရှိရသည်။ 

အဆိုပါ ၂၀၂၂ ခုနှစ်၊ အစိုးရပါဋိ ပထမပြန်စာမေးပွဲ သံတွဲစာဖြေဌာနကို သီရိမင်္ဂလာမြို့ဦးကျောင်း ဆရာတော်၊မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဌ၊အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ ဦးရေဝတဦးဆောင်သည့် ကြီးကြပ် သံဃာ(၁၀)ပါးတို့အပြင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမောင်သာစိန်နှင့်အဖွဲ့ဝင်များက ကြီးကြပ် စစ်ဆေးလျက်ရှိကြောင်းသိရှိရသည်။


သတင်း - သန့်ဇင် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)