MNP ၊ မေ ၁၁
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှု ရာနှုန်းပြည့်လွှမ်းခြုံနိုင်ရေး စဉ်ဆက်မပြတ်ဆောင်ရွက်လျှက်ရှိရာ ယနေ့နံနက်က သထုံမြိုနယ်အတွင်းရှိ ဆေးထိုးစုရပ်တို့၌ အပိုထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံခြင်းနှင့် တစ်ကြိမ်တစ်ခါမှ မထိုးနှံရသေးသူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းတို့ကို ဆက်လက်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
သထုံမြို့နယ်အတွင်းရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းဝေးခန်းမစုရပ်အပါဝင် ဆေးထိုးစုရပ်အသီးသီးတို့၌ အသက်(၄၀)နှစ်အထက်၊ ကာကွယ်ဆေး(၂)ကြိမ်ထိုးထားပြီး(၆)လပြည့်ပြီးသူများအား ထပ်ဆောင်း Booster dose နှင့် အသက်(၁၈)နှစ်နှင့်အထက် ကာကွယ်ဆေး တစ်ကြိမ်တစ်ခါမှမထိုးနှံရသေးသူများ၊ အကြောင်းအမျိုးမျိုးကြောင့်ခရီးလွန်နေသူများ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များတို့အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ဆောင်ရွက်ရာ အဆိုပါနေ့၌ ဒေသခံပြည်သူ ၃၀၀ ခန့်တို့အား ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံပေးခဲ့ကြပြီး တာဝန်ရှိသူများက လိုအပ်သည်တို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
သတင်း - ကိုကိုဦး
https://t.me/MyanmarNationalPost






No comments:
Post a Comment