MNP ၊ မေ ၁၁
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၂ ခုနှစ်၊ အစိုးရပါဠိ ပထမပြန်စာမေးပွဲကို မေ ၁၁ ရက်နေ့လယ် ၁၂ နာရီက သံတွဲမြို့ ဘုရင့်နောင်လမ်းရှိ ဓမ္မဗိဗ္မာန် သံတွဲစာဖြေ ဌာန၌ ပဉ္စမနေ့စာမေးပွဲဖြေဆို လျက်ရှိကြောင်းသိရသည်။
ထိုသို့ဖြေဆိုရာတွင် သံတွဲစာဖြေဌာန၌ စတုတ္ထနေ့ ဖြေဆိုရန်စာရင်းတင်သွင်းထားသည့် စာဖြေသံဃာ (၃၁)ပါး ရှိသည့်နက် ပထမလတ်တန်း (ယမိုက်အောက်(၅)ကျမ်း)ဘာသာရပ်ကို ၄ ပါး၊ ပထမငယ် တန်း( ဘာသာပြန်)ဘာသာရပ်ကို(၁၆)ပါး၊စုစုပေါင်း (၂၀)ပါး ဝင်ရောက်ဖြေဆိုပြီး ပျက်ကွက်(၁၁)ပါးရှိကြောင်း နှင့်အခြေပြုမူလတန်းမှာ ယမန်နေ့က ဖြေဆိုပြီးစီးသွားကြောင်းသိရှိရသည်။
အဆိုပါ ၂၀၂၂ ခုနှစ်၊ အစိုးရပါဋိ ပထမပြန်စာမေးပွဲ သံတွဲစာဖြေဌာနကို သီရိမင်္ဂလာမြို့ဦးကျောင်း ဆရာတော်၊မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဌ၊အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ ဦးရေဝတဦးဆောင်သည့် ကြီးကြပ် သံဃာ(၁၀)ပါးတို့အပြင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမောင်သာစိန်နှင့်အဖွဲ့ဝင်များက ကြီးကြပ် စစ်ဆေးလျက်ရှိကြောင်းသိရှိရသည်။
သတင်း - သန့်ဇင်
https://t.me/MyanmarNationalPost



No comments:
Post a Comment