Pages

Pages

အမ်းမြို့လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ



MNP ၊ မေ ၁၁

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် အမ်းမြို့နယ် ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ နယ်ရုံးဝန်ထမ်းများဖြင့် စာကြည့်တိုက်လုပ်ငန်း စီမံခန့်ခွဲရေး လက်စွဲစာစောင် စာအုပ်ဖြင့်  စာဖတ်ဝိုင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန Community  Centre ခန်းမ၌ ပြုလုပ်ခဲ့သည်။ 

ရှေးဦးစွာ  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ ဦးစီးအရာရှိ ဦးစန်းဝင်း က စာဖတ်ဝိုင်း ပြုလုပ်ရခြင်းနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားပြီး စာကြည့်တိုက်လုပ်ငန်း စီမံခန့်ခွဲရေး လက်စွဲစာစောင်ပါ အကြောင်းအရာများထဲမှ စာကြည့်တိုက်အဓိပ္ပါယ်၊စာကြည့်တိုက်ပညာ၊စာကြည့်တိုက်လုပ် ငန်းစီမံခန့်ခွဲရေးမှစာစုလုပ်ငန်း၊ စာပြုလုပ်ငန်းများ ကိုလည်းကောင်း ဒုတိယဦးစီးမှူး ဒေါ်ခင်မျိုးတင် မှ ကတ်တလောက်ရေးသွင်းခြင်း လုပ်ငန်းများနှင့်ပတ်သတ်၍ ဖတ်ကြားဆွေးနွေးခဲ့ကြရာ ဝန်ထမ်းများက သိရှိလိုသည်များကိုအပြန်အလှန်အသိချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။


သတင်း - စိုးမင်းထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment