MNP ၊ မေ ၁၆
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၂-ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့ နေ့လယ်အချိန်မှစ၍ တောင်သူများသို့ စတင်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ၂၀၂၁-၂၀၂၂-ခုနှစ်၊မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကြွေးကျန်ပေးဆပ်သည့် တောင်သူများကိုထုတ်ချေးပေးသွားမည်ဖြစ်ပြီး၂၀၂၂-ခုနှစ်မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကျပ် ၄၄၃၂၈-သိန်းကိုရမ်းဗြဲမြို့နယ်၌ထုတ်ချေးပေးရန်လျာတားထားပြီး ယခုအခါ ကနဦးခွင့်ပြုငွေကျပ် ၁၅၀၀၀ သိန်းရရှိထားပြီးဖြစ်၍ လေးတောင်မြို့၊အမှတ်(၅)ရပ်ကွက်မှ တောင်သူ(၁၉)ဦးသို့ စပါးစိုက်ဧက (၈၉)ဧကအတွက် တစ်ဧကလျှင်(၁၅၀၀၀၀)နှုန်းဖြင့် ချေးငွေကျပ် ၁၃၃.၅၀ သိန်းကို ထုတ်ချေးပေးလျက်ရှိသည်။
၂၀၂၀-၂၀၂၁- ခုနှစ်အတွက် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ကြွေးကျန်ပေးဆပ်ထားသည့်ကျေးရွာ/အုပ်စုများသို့လည်းချေးငွေလျှောက်လွှာများပေးထားပြီးဖြစ်၍ ၂၀၂၂-ခုနှစ်၊မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကိုစဉ်ဆက်မပြတ်ထုတ်ချေးပေးနိုင်ရေးဆောင်ရွက်ထားရှပြီးဖြစ်သည်။ ရမ်းဗြဲမြို့နယ်အတွင်းမှ ၂၀၂၀-၂၀၂၁-ခုနှစ်အတွက် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကြွေးကျန်ရှိသည့် တောင်သူများအနေဖြင့်အမြန်ဆုံးပြန်လည်ပေးဆပ်၍၂၀၂၂-ခုနှစ်၊မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေအသစ်ပြန်လည်ထုတ်ချေးကြဖို့အတွက်ကိုလည်း မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ်မှ နှိုးဆော်တိုက်တွန်းထားရှိကြောင်း သိရသည်။
သတင်း - အောင်နိုင်
https://t.me/MyanmarNationalPost





No comments:
Post a Comment