အောင်မြေသာစံမြို့နယ် စုပေါင်းသန့်ရှင်းရေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အောင်မြေသာစံမြို့နယ် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်




MNP - မေ   ၁

မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို သီရိမာလာ အနောက်ရပ်ကွက်၊ ကမ်းနားလမ်း၊ ၁၉လမ်းနှင့် ၂၆လမ်းကြားတွင်  ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ကြရာ မန္တလေးတပ်နယ်မှူး ဗိုလ်မှူးကြီး သိန်းထွန်းတင်၊ အမှတ်(၉၁၀)စစ်မြေပြင် အင် ဂျင်နီယာတပ်ရင်းမှ တပ်ရင်းမှူး အမှတ်(၂) စစ်နယ်မြေမှူး ဒုတိယဗိုလ်မှူးကြီး ကျော်မြင့်အောင်၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးမြင့်ဦး၊ မန္တလေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးတင်ဝင်းရွှေ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်သန်းဇော်၊အဖွဲ့ဝင်(၁)ဗိုလ်မှူးဇော်မျိုးဝေ၊ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးစန်းထွန်းလင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှစိုး၊ မြို့နယ်စည်ပင်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်ဖြိုး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူများဖြင့် စုစုပေါင်း ၇၀၀ ကျော်တို့ပူးပေါင်း၍ လမ်းဘေးဝဲယာရှိအမှိုက်များ ၊ ခြုံနွယ်ပိတ်ပေါင်းများ၊ သစ်ပင်သစ်ကိုင်းများအား စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ကြသည်။

အဆိုပါသန့်ရှင်းရေးဆောင်ရွက်ရာသို့ မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ  တိုင်းဒေသကြီးဝန်ကြီးချုပ် ဝဏ္ဏကျော်ထင် ဦးမောင်ကို၊ အစိုးရအဖွဲ့ဝင်များဖြစ်ကြသော လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်း၊ စည်ပင်သာယာရေးဝန်ကြီး မန္တလေးမြို့တော်ဝန် ဦးကျော်ဆန်း၊ သယံဇာတရေးရာဝန်ကြီး ဦးမျိုးအောင်၊  လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်စိန်လွင်နှင့် တာဝန်ရှိသူများက လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်း - မြင့်မော်ထွန်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)