ခေါဇာမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းအပ်နှံရေး လုပ်ငန်းများစတင်ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ခေါဇာမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းအပ်နှံရေး လုပ်ငန်းများစတင်ဆောင်ရွက်

 



MNP  - မေ   ၂၆


“ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆိုတဲ့ ဆောင်ပုဒ်နှင့်အညီ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းအပ်နှံရေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက မွန်ပြည်နယ်၊ ခေါဇာမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းအပ်နှံရေးလုပ်ငန်းများ စတင်ဆောင်ရွက်ပေးလျက်ရှိသည်။


ကျောင်းအပ်နှံ‌ရေးနှင့် ပတ်သက်၍ ကျောင်းအုပ် ဆရာမကြီးက ကျောင်းအပ်နှံရာတွင် အခကြေးငွေ တစ်စုံတစ်ရာကောက်ခံမှု လုံးဝမရှိကြောင်း၊ ကျောင်းသုံးပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံတို့ကို အခမဲ့ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် မေလ(၂၆)ရက်မှ ဇွန် (၁)ရက်နေ့အထိ ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့်   ဇွန်လ(၂)ရက်နေ့မှစတင်၍ ကျောင်းအားစတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)