သာယာဝတီခရိုင်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများ ဆက်လက်ထုတ်ပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

သာယာဝတီခရိုင်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများ ဆက်လက်ထုတ်ပေး

 


MNP - မေ   ၂၄

 

ပဲခူးတိုင်းဒေသကြီး၊ သာယာခရိုင်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မေ ၂၄ ရက်နေ့ နံနက်ပိုင်းက သာယာဝတီမြို့နယ်အတွင်းရှိ စပါး၊ ပြောင်းဖူးစိုက်ပျိုးမည့် တောင်သူများအား မိုးရာသီ‌စိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။


သာယာဝတီခရိုင်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးဘဏ်မှ ၂၀၂၂ ခုနှစ်တွင် သာယာဝတီမြို့နယ်အတွင်းရှိ ကျေးရွာ ၄၈ အုပ်စုမှတောင်သူများအား စပါး၊ ပြောင်းဖူးစိုက်ပျိုးရန်အတွက် မိုးရာသီချေးငွေ စုစုပေါင်းငွေကျပ်(၂၅၄၇)သိန်း ထုတ်ချေးပေးခဲ့ပြီး ကျန်ရှိသည့်တောင်သူများကိုလည်း ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


စပါးစိုက်ခင်း တစ်ဧကလျှင် ငွေကျပ် ၁၅၀,၀၀၀/-(ကျပ်တစ်သိန်းငါးသောင်းတိတိ)နှင့် ပြောင်းဖူးတစ်ဧကလျှင် ငွေကျပ် ၁၀၀,၀၀၀/-(ကျပ်တစ်သိန်းတိတိ)နှုန်းတို့ဖြင့် ထုတ်ချေးပေးလျက်ရှိပြီး အတိုးနှုန်းမှာ  ၅ ရာခိုင်နှုန်းဖြစ်ကြောင်း၊ အဆိုပါချေးငွေများကို ၃၁-၃-၂၀၂၃ ရက်နေ့တွင် နောက်ဆုံးထား၍ ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်း သာယာဝတီခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်‌နေဂျာထံမှ သိရသည်။


သတင်း - သန့်ဇော် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)