MNP ၊ မေ ၁၀
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အဆင့်မြင့်အပ်ချုပ်စက်သင်တန်းသို့ ရမ်းဗြဲမြို့နယ်အမျိုးသမီးရေးရာ ကော်မတီအဖွဲ့နှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ ယမန်နေ့က ချီးမြှင့်ငွေများ သွားရောက်ပေးအပ်ခဲ့ကြကြောင်းသိရသည်။
အဆိုပါ အဆင့်မြင့်အပ်ချုပ်စက်သင်တန်းကို (၂၅-၄-၂၀၂၂) ရက်နေ့က ရမ်းဗြဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန သင်တန်းခန်းမ၌ဖွင့်လှစ်ခဲ့ရာ သင်တန်းသား/ သင်တန်းသူ (၂၀)ဦးတက်ရောက်သင်ကြားလျက်ရှိသည်။ အဆင့်မြင့်အပ်ချုပ်စက်သင်တန်းတွင် တက်ရောက်သင်ကြားနေကြသည့် သင်တန်းသား/သင်တန်းသူများ သင်တန်းကာလအတွင်းအထောက်အပံ့ဖြစ်စေရန်အတွက် ရမ်းဗြဲမြို့နယ် အမျိုးသမီးရေးရာကော်မတီအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များမှ အဆင့်မြင့်အပ်ချုပ်စက်သင်တန်းသို့သွားရောက်ပြီး သင်တန်းသား/သင်တန်းသူများနှင့်တွေ့ဆုံကာ အားပေးစကားပြောကြားပြီး သင်တန်းသား/သင်တန်းသူများကို ချီးမြှင့်ငွေများပေးအပ်ခဲ့ကြကြောင်းသိရသည်။
သတင်း - အောင်နိုင်
https://t.me/MyanmarNationalPost



No comments:
Post a Comment