MNP ၊ မေ ၁၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ က ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ထားမှုနှင့် ပတ်သက်၍ NCA လက်မှတ်ရေးထိုးပြီး တိုင်းရင်းသားလက်နက်ကိုင် (၇)ဖွဲ့နှင့် လက်မှတ်မထိုးရသေးသော အဖွဲ့ (၃)ဖွဲ့ မှ ဆက်သွယ် အကြောင်းပြန်ထားကြောင်း ပြန်ကြားရေးဒုဝန်ကြီးက ပြောသည်။
ဆွေးနွေးပွဲစတင်ရန်နှင့် ပတ်သက်၍ ဒုဝန်ကြီးက EAOs ဘက်ကို ဦးစားပေးပြီး သူတို့ အဆင်ပြေမယ့်အချိန်ကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ် ဟု ပြောသည်။
အစိုးရဘက်မှ အမြန်ဆုံးဆောင်ရွက်သွားနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မလာဘူးဆိုတဲ့ သူများဟာ ဒေသခံလူထုအပေါ်မှာ ထားတဲ့ သူတို့ရဲ့ သဘောထား ပေါ်လွင်လာတယ်လို့ပဲ ပြောချင်ပါတယ်လို့ ဒုဝန်ကြီးက ထည့်သွင်းပြောကြားထားပါတယ်။
https://t.me/MyanmarNationalPost
No comments:
Post a Comment