MNP ၊ မေ ၁၀
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် သင်ရိုးသစ် G – 5 မြို့နယ်အဆင့်ဆင့်ပွားသင်တန််းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီ အချိန်က ရမ်းဗြဲမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ပညာကျော်ခန်းမတွင် ကျင်းပကြသည်။
ထိုသင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ရမ်းဗြဲမြို့နယ်ပညာရေးမှူး ဒေါ်ဝိုင်းစိန် က အဖွင့်အမှာစကားပြောကြားသည်။ သင်တန်းတွင် ရမ်းဗြဲမြို့နယ်အတွင်းမှ အခြခံပညာမူလတန်းအဆင့်မှ ဆရာ/ဆရာမ (၈၀၁) ဦး တက်ရောက်ကြမည်ဖြစ်ပြီး နည်းပြဆရာ (၅၄)ဦးတို့မှ ပို့ချသင်ကြားပေးသွားမည်ဖြစ်သည်။ သင်တန်းကို အမှတ်(၁) အခြေခံပညာအထက် တန်းကျောင်း၊ ရမ်းဗြဲ နှင့် အခြေခံပညာထက်တန်းကျောင်း၊ ပုလုပ်တောင်၊ ရမ်းဗြဲမြို့တို့တွင် သင်တန်းနေရာ (၂)ခုခွဲ၍ ပို့ချသင်ကြားပေးသွားမည်ဖြစ်သည်။
အဆိုပါ သင်တန်းကာလမှာ (၁၀ - ၅ - ၂၀၂၂) ရက်နေ့မှ (၁၃ - ၅ - ၂၀၂၂) ရက်နေ့ထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရသည်။
သတင်း - အောင်နိုင်
https://t.me/MyanmarNationalPost



No comments:
Post a Comment