ရမ်းဗြဲမြို့နယ်၌ ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် သင်ရိုးသစ် G – 5 မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ရမ်းဗြဲမြို့နယ်၌ ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် သင်ရိုးသစ် G – 5 မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်လှစ်





MNP ၊ မေ ၁၀

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် သင်ရိုးသစ်  G – 5 မြို့နယ်အဆင့်ဆင့်ပွားသင်တန််းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီ အချိန်က ရမ်းဗြဲမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ပညာကျော်ခန်းမတွင် ကျင်းပကြသည်။

ထိုသင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ရမ်းဗြဲမြို့နယ်ပညာရေးမှူး ဒေါ်ဝိုင်းစိန် က  အဖွင့်အမှာစကားပြောကြားသည်။ သင်တန်းတွင် ရမ်းဗြဲမြို့နယ်အတွင်းမှ အခြခံပညာမူလတန်းအဆင့်မှ ဆရာ/ဆရာမ (၈၀၁) ဦး တက်ရောက်ကြမည်ဖြစ်ပြီး နည်းပြဆရာ (၅၄)ဦးတို့မှ ပို့ချသင်ကြားပေးသွားမည်ဖြစ်သည်။ သင်တန်းကို  အမှတ်(၁) အခြေခံပညာအထက် တန်းကျောင်း၊ ရမ်းဗြဲ နှင့် အခြေခံပညာထက်တန်းကျောင်း၊ ပုလုပ်တောင်၊ ရမ်းဗြဲမြို့တို့တွင် သင်တန်းနေရာ (၂)ခုခွဲ၍ ပို့ချသင်ကြားပေးသွားမည်ဖြစ်သည်။

အဆိုပါ သင်တန်းကာလမှာ (၁၀ - ၅ - ၂၀၂၂) ရက်နေ့မှ (၁၃ - ၅ - ၂၀၂၂) ရက်နေ့ထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရသည်။


သတင်း - အောင်နိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)