MNP ၊ မေ ၃၁
ရခိုင်ပြည်နယ် ၊ မောင်တောမြို့နယ် ရွှေဇားကျေးရွာတွင် မေ ၃၀ ရက်နေ့ (၁၈:၀၀)အချိန်ခန့်က စိတ်ကြွဆေးပြားများနှင့်အတူ အမျိုးသမီးတစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရ သည်။
ဖြစ်စဉ်မှာ အမှတ်(၄၆)မူးယစ်တပ်ဖွဲ့စုမောင်တောမှ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေ များနှင့်အတူ ရွှေဇားကျေးရွာအုပ်စု အလယ်ရွာနေ ယာစ်မိန်(မ)၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းအား တွေ့ရှိပြီး ၎င်း၏ခင်ပွန်းဖြစ်သူမှာ ခရီးထွက်သွားကြောင်းသိရပြီး နေအိမ်အား ရှာဖွေရာ နေအိမ်ဧည့်ခန်းရှိ စားပွဲ ပေါ်မှ အဝါရောင်ကြွပ်ကြွပ်အိတ်အတွင်း ဖယောင်းစက္ကူဖြင့် ထုတ်ထားပြီး အပြာရောင် ကပ်ခွာအိတ်များအတွင်းမှ စိတ်ကြွ ရူးသွပ်ဆေးပြား WY နှင့် R စာတမ်းပါလိမ္မော်ရောင် စိတ်ကြွရူးသွပ် ဆေး ပြား (၁၉၅)ပြားစီပါ (၅၀)ထုတ် စုစုပေါင်း ဆေး ပြား(၉၇၅၀)ပြား စုစုပေါင်းအလေးချိန် (၈၇၇.၅)ဂရမ်ခန့် အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
မူးယစ်စိတ်ကြွရူးသွပ် ဆေးပြား များနှင့်အတူ လက်ဝယ်တွေ့ရှိသူ ယာစ်မိန်(မ) အသက်(၄၀)နှစ် (ဘ)ဇော်လာ မောက် နှင့် မူးယစ် ဆေးဝါးပိုင်ရှင်ဖြစ်သူ ကော်လီမူလာ(ကျား)အသက်(၃၉)နှစ် (ဘ)နူရ်မူဟာမတ် (ဖမ်းမမိသေး)ရွှေဇား အလယ်ရွာ နေသူ နှစ်ဦးအား နယ်မြေ စခန်း ပြင်ဖြူတွင် မယ(ပ)၆/၂၀၂၂ ၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ အရ အမှုဖွင့်လှစ်ကာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
သတင်း - ဝေလ(မောင်တော)
https://t.me/MyanmarNationalPost


No comments:
Post a Comment