မင်းဘူး(စကု)မြို့နယ်တွင် မိုးဖြိုင်ဖြိုင်ရွာသွန်းလာသဖြင့် နှံစားပြောင်းများ ဖြစ်ထွန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

မင်းဘူး(စကု)မြို့နယ်တွင် မိုးဖြိုင်ဖြိုင်ရွာသွန်းလာသဖြင့် နှံစားပြောင်းများ ဖြစ်ထွန်း

 


MNP - မေ   ၁၁

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်တွင်  မိုးဖြိုင်ဖြိုင် ရွာသွန်းလာသဖြင့် ကနဦး စိုက်ပျိုးသော  နှံစားပြောင်းသီးနှံ စိုက်ခင်းများ စိမ်းစိုလန်းဆန်းကာ အပင်များ ဖြစ်ထွန်းလာကြောင်း မန်းကျိုးကျေးရွာ နှံစားပြောင်းစိုက် ဒေသခံ တောင်သူများထံမှ သိရသည်။

အဆိုပါ နှံစားပြောင်း စိုက်ခင်းများကို  စိုက်ပျိုးပြီးကာစ အစိုဓာတ်အနည်းငယ်ဖြင့် အပင်ပေါက် ကောင်းသော်လည်း အပူရှိန်များသောကြောင့် အပင်များ ပိန်လှီပြီး ယခုရက်ပိုင်း မိုးဖြိုင်ဖြိုင် ရွာသွန်းလာမှုနှင့်အတူ အရွက်များ စိမ်းစိုလန်းဆန်းကာ ဖွံ့ဖြိုး၍ အပင်အား ကောင်းလာတော့သည်။ ကိုဗစ်-၁၉ မဖြစ်ခင်က နှံစားပြောင်း ( ၁ ) တင်းလျှင် ၁၀၀၀၀ ကျပ် ဈေးရသော်လည်း၊ အခုနောက်ပိုင်း ကိုဗစ်-၁၉ ကာလတွင် ဈေးနှုန်းများ ကျဆင်းသွားသဖြင့်၊ နှံစားပြောင်းစိုက်တောင်သူ နည်းပါးသွားပြီး နွားစာမြက်အဖြစ်နဲ့သာ စိုက်ပျိုးကြတော့သည်။

" ဒီနှစ်မှာတော့ တောင်သူတွေ အနေနဲ့ သီးနှံမျိုးစုံ စိုက်ပျိုးကြသော်လည်း၊ ကျွန်တော်တို့အတွက် တွက်ခြေ ကိုက်မယ်ထင်တဲ့ သီးနှံတွေကတော့ ပဲကြီး၊ ပဲတီစိမ်း၊ နေကြာတို့ဖြစ်ပါတယ်။ နှံစားပြောင်းက အရောင်းအဝယ် မကောင်းတော့ ကျွန်တော်တို့ တောင်သူတွေအနေနဲ့ နွားစာမြက်အဖြစ်နဲ့ဘဲ စိုက်ပျိုးကြပါတယ်။ မိုးရွာသွန်းမှုနည်းတဲ့ ရာသီတွေမှာတော့ မြေအောက်ရေတင် စိုက်ပျိုးခြင်းဖြင့်  အဆင်ပြေကြပါတယ်။ ယခု လတ်တလော  မန်းကျိုးအုပ်စုရှိ တောင်သူများ မိုးရာသီ သီးနှံများ စတင် စိုက်ပျိုးနေပါပြီ '' ဟု မန်းကျိုးအုပ်စု တောင်သူ ဦးဝင်းဗိုလ်က ပြောသည်။

သတင်း - ဇေယျာထက် 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)